Karenni Generation Z (KGZ)အဖွဲ့အစည်းဟာ ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ ကရင်နီတပ်မတော် KA၊KNDFတို့နဲ့ မသက်ဆိုင်ဘဲ ပူးပေါင်းမဟာမိတ်လည်း မဟုတ်ကြောင်း KNDFက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကရင်နီပြည်နယ်အတွင်း ဖေဖေါ်ဝါရီလ ၂၀ရက်နေ့က DVB အကြီးတန်းသတင်းထောက်၊ Myanmar Now အလွတ်တန်း သတင်းထောက်နဲ့ နယ်ဝေးမှ စစ်ရှောင်လာသူ (၁၀) တန်းကျောင်းသူ သုံးဦးပါအဖွဲ့ကို KGZက ဒလန်လို့ စွပ်စွဲ ဖမ်းဆီးကာ လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ အမှုအခင်း တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး တရားမျှတမှုရရှိရေးအတွက် Karenni State Police (KSP)နဲ့ ပူးပေါင်း ဆောင်ရွက်နေပြီး အခုလို လုပ်ရပ်အပေါ်ကိုလည်း ရှုံ့ချထားခဲ့ပါတယ်။
အခုလိုဖြစ်စဉ်နဲ့ ပက်သက်ပြီး ကရင်နီဒေသအတွင်းမှာရှိတဲ့ CRPHနဲ့ PDFတွေမှာ ပါဝင်ဦးဆောင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့က Karenni Generation Z (KGZ) အဖွဲ့ဟာ CRPH၊PDFတွေနဲ့ သက်ဆိုင်ခြင်းမရှိဘဲ KNDFနဲ့ ကရင်နီတပ်မတော် KAတို့နဲ့သာ သက်ဆိုင်ကြောင်း စွပ်စွဲပြောဆိုမှုတွေအတွက် အခုလို ဖြေရှင်းထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။