ပုလဲ၊အိုင်းမရွာထဲ အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်း

၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမရွာမှာ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ် အုပ်စုတပ်ဖွဲ့ဝင်၅၀လောက် ရောက်ရှိ မွှေနှောက်နေတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်၊ကန့်ဒေါင့်ရွာစခန်းက စစ်သား၅၀လောက်ဟာ ဒီနေ့မွန်းလွဲ၁နာရီလောက်က ရုတ်တရက်ရောက်ရှိ လာတာဖြစ်ပြီး စစ်သားတွေကို မြင်မြင်ချင်း ရွာသားတွေ ထွက်ပြေးကြလို့ အသတ်ခံရသူမရှိဘူးလို့ ဒေသတွင်း ပြောက်ကျားခေါင်းဆောင်တစ်ဦးကပြောပါတယ်။

‘အခု၂နာရီထိုးခါနီးအထိ စစ်ခွေးတွေမပြန်ကြသေးဘူး။သတင်းကြိုမရတော့ ရွာသားတွေခမျာ လက်ဝတ်လက်စား တွေတောင် အပါမယူနိုင်ဘူးထင်တယ်။အိုင်းမမှာပဲဒီကောင်တွေဆက်နေမလား၊ဘယ်ရွာထပ်သွားမလဲမသိဘူး။ ကျွန်တော့်စိတ်ထင် ချောင်းဦးရွာဘက်သွားမလားပဲ’လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပေက ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေ ရွာတွေထဲရောက်လာပြီဆို ဆိုင်ကယ်အကောင်းတွေ့ရင်ယူပြီး သိပ်မကောင်းတဲ့ဆိုင် ကယ်တွေကို ရိုက်ချိုးဖျက်ဆီးလေ့ရှိကာ ညအိပ်ပါက ဒေသခံတွေရဲ့ ဝက်နဲ့နွားတွေကို သတ်စားလေ့ရှိတယ်လို့ သိရပါတယ်။

‘ဗီရိုသော့ခတ်ထားရင် ရိုက်ဖွင့်တယ်။ဗီရိုထဲက အင်္ကျီ၊လုံချည်တွေကြားထဲ အဖိုးတန်ရတနာနဲ့ ရွှေတို့ကို ရှာဖွေ ခိုးဝှက်သွားတယ်၊အစားအသောက်တွေတောင်မယူဘူး’လို့ သူကပြောပါတယ်။

အိုင်းမရွာဟာ အိမ်ခြေ၇၀လောက်ရှိပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ရွာဖြစ်ပါတယ်။ရွာသားတစ်ဝက် လောက်ကတော့ ကချင်ပြည်နယ်၊ဖားကန့်မှာ အလုပ်သွားလုပ်နေကြပါတယ်။

အိုင်းမရွာဟာ မင်းတိုင်ပင်ရွာရဲ့မြောက်ာက်ဘက် တစ်မိုင်ခန့်အကွာမှာရှိပြီး ပုလဲမြို့ပေါ်နဲ့ ၉မိုင်လောက်ဝေးပါတယ်။