အီတလီမှာ ရုံးအဆောက်အအုံတစ်ခုပေါ်ကို လေယာဉ်ပျက်ကျလို့ လူ ရှစ်ဦးသေ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

အီတလီနိုင်ငံ မီလန်မြို့က ရုံးအဆောက်အုံတစ်ခုအပေါ်ကို လေယာဉ်တစင်းပျက်ကျခဲ့လို့ လူ ၈ ဦးသေဆုံးခဲ့ရတယ်လို့ The Guardian သတင်းဌာနက ဖော်ပြပါတယ်။

လေယာဉ်ပျက်ကျမှုဟာ မနေ့က ဖြစ်ခဲ့တာဖြစ်ပြီး ပျက်ကျခဲ့တဲ့လေယာဉ်ဟာ အင်ဂျင်တစ်ခုသုံး လေယာဉ်ငယ် ဖြစ်တယ်လို့ သိရပါတယ်။

အီတလီသတင်းဌာနအများစုရဲ့ ဖော်ပြချက်မှာတော့ အဲ့ဒီလေယာဉ်ငယ်ပေါ်မှာ အိမ်ခြံမြေ လုပ်ငန်းရှင် ရိုမေးနီးယားသူဌေးမိသားစုလိုက်ပါလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်မောင်းသူအပြင် လေယာဉ်ပေါ်လိုက်ပါ စီးနင်းလာတဲ့ သူအားလုံးသေဆုံးခဲ့ပြီး သေဆုံးသူထဲမှာ အသက် ၆၈ နှစ်အရွယ် ရိုမေးနီးယားသူဌေး ဒမ်ပက်ထရစ်စကူအပါအဝင် သူ့ရဲ့ ဇနီးဖြစ်သူနဲ့ သားဖြစ်သူတို့ပါ သေဆုံးခဲ့တာပါ။

လက်ရှိမှာတော့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ အီတလီအာဏာပိုင်တွေက စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။