အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာနဲ့ဒေသတွင်းနိုင်ငံတွေစုစည်းတုံ့ပြန်ကြဖို့ ကုလထွေချုပ် တောင်းဆို

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာနဲ့ဒေသတွင်းနိုင်ငံတွေ စုစည်းတုံ့ပြန်ကြဖို့ ကုလအထေွထွေအတွင်းရေးမှူး ချုပ် အန်တိုနီယို ဂူတာရက်စ်က အစီရင်ခံစာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာကို နိုင်ငံပေါင်း၁၁၉နိုင်ငံက ကအတည်ပြုခဲ့ပြီး တရုတ်အပါအဝင်၃၆နိုင်ငံက မဲမပေးခဲ့ပါဘူး။အစီရင်ခံစာကိုကန့်ကွက်တာကတော့ ဘီလာရု တစ်နိုင်ငံတည်းသာရှိပါတယ်။

‘မြန်မာနိုင်ငံပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို ပံ့ပိုးဖို့အရေးကြီးပါတယ်’လို့ ကုလထွေချုပ်ကဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာသမ္မတဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်နဲ့ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများအားလုံးလွတ်မြောက်ရေးကြိုးပမ်းကြဖို့လည်း ကုလထွေချုပ်ကတိုက်တွန်းထားပါတယ်။

ဆက်လက်ပြီးကုလထွေချုပ်က စစ်တပ်ရဲ့အုပ်ချုပ်မှုကို တန်ပြန်ဖို့ပိုခက်ခဲလာမှာကို စိုးရိမ်တယ်လို့လည်း သတိပေးထားပါတယ်။

ကုလထွေချုပ်ရဲ့ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာနဲ့အခြားလူနည်းစုတွေရဲ့ အခွင့်အရေးအခြေအနေကိုလည်း ဖော်ပြ ထားပါတယ်။

ကုလထွေချုပ်ရဲ့အစီရင်ခံစာကို ကုလသမဂ္ဂက ဒီနေ့ထုတ်ပြန်လိုက်တာပါ။