မြန်မာအကျပ်အတည်းဖြေရှင်းရေးမြန်မာပြည်တွင်းမှသာရှိတယ်လို့ ကန်နဲ့စင်ကာပူယုံကြည်

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာ့အကျပ်အတည်းဖြေရှင်းရေးဟာ မြန်မာပြည်တွင်းမှာပဲရှိနေတယ်ဆိုတာ စင်ကာပူနဲ့အမေရိကန်၂နိုင်ငံစလုံးက ယုံကြည်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီမှာတွေ့ဆုံခဲ့ပြီးနောက် စင်ကာနိုင်ငံ ခြားရေးဝန်ကြီး Vivian Balakrishnan က စက်တင်ဘာ၂၉ရက်နေ့မှာ ထုတ်ဖော်ပြောကြာခဲ့တာပါ။

မြန်မာဘက်အသီးသီးအနေနဲ့ နိုင်ငံရဲ့အနာဂတ်ကို ရှေ့ရှုပြီး စိတ်ကောင်းစေတနာမှန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့လို ပြီး ဆွေးနွေးတဲ့လမ်းကြောင်းပေါ်ရောက်ဖို့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်တွန်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

‘အခုထိတော့ အဲဒီအရိပ်အယောင်မမြင်ရသေးပါဘူး’လို့ သူကဆက်ပြောပါတယ်။

၂နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေတွေ့ဆုံစဥ် အာဏာသိမ်းမှုအပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ဆင်းရဲမွဲတေမှုမြင့်တက်လာ ခြင်းနဲ့ နောက်ဆက်တွဲအကြမ်းဖက်မှုတွေကို စိုးရိမ်ကြတဲ့အကြာင်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးမယ့်အာဆီယံအထူးသံအနေနဲ့ သက်ဆိုင်ရာပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ စောင့်နေရဆဲလို့လည်း ဝန်ကြီးကပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်ဆန်ထိရောက်တဲ့ ဖြေရှင်းချက်တွေ မရှိသေးပေမဲ့ ဖြစ်နိုင်သမျှကူညီနေဆဲဖြစ်သလို ဆက်ပြီးကူညီသွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။