လှိုင်သာယာက ဖိနပ်စက်ရုံတစ်ခုမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဗုံးထိ သေသူရှိ

၁၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။
လှိုင်သာယာမြို့နယ် အနော်ရထာလမ်း သောင်ကြီးရဲစခန်းအနီးက တရုတ်နိုင်ငံသားပိုင် ဖိနပ်စက်ရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒီကနေ့ စက်တင်ဘာလ ၁၅ရက်နေ့ ညနေ ၃နာရီ ၁၅မိနစ်ခန့်က ဗုံးသုံးလုံး ဆင့်ပေါက်ကွဲပြီး စစ်အုပ်စုဝင် ၂ဦးသေဆုံးကာ ၆ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုပေါက်ကွဲမှုဟာ လှိုင်သာယာမြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ CIVIL GUERRILLA FORCE (HTY) လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ CGF HTY ကသတင်းထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုအပြီးမှာ CGF (HTY) ရဲဘော်တွေအားလုံး ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။