မရမ်းကုန်မြို့နယ်က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့အပစ်ခံရ

၁၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။

မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်က ဒလန်လို့ နာမည်ကြီးနေတဲ့ ရာအိမ်မှူးဖြစ်သူ ဦးစိန်သောင်းကို အမည်မသိသေနတ်သမားတစ်ဦးက သေနတ်နဲ့ ၄ချက်ခန့် ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
အမှတ်(၁) ရပ်ကွက် မြို့သစ်(၄)လမ်းက လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဦးစိန်သောင်း လက်ဖက်ရည်သောက်နေစဉ်မှာ အခုလို လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သေမသေတော့ မသိဘူး အတော်ထိသွားတယ်၊ အခု လမ်းထဲအကုန်ပိတ်ထားလိုက်ပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မြို့သစ်(၄)လမ်းကို ပိတ်ဆို့ထားပြီးတော့ တိုက်ခန်းတွေပေါ်က ပြည်သူတွေကို အောက်ကိုဆင်းလာဖို့ သေနတ်တွေပစ်ဖောက်ပြီး ဆဲဆိုအော်ဟစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။