တန့်ဆည်မြို့မှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိ 

၃၊ စက်တင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာ ဝါးရငယ်မူးတောင်အတက်မှာ စက်တင်ဘာလ ၃ရက်နေ့ မနက် ၄နာရီခန့်က အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း ဆွဲမိုင်းထိခဲ့ပြီးတော့ စစ်ကားတစ်စင်းပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

 

ဆွဲမိုင်းထိခဲ့တဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းဟာ ကံထူးမဘက်ကနေ တန့်ဆည်ဘက်ကို ပြန်လာတဲ့ ယာဉ်တန်းဖြစ်ပြီး စစ်ကား ၄စီးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆွဲမိုင်းထိမှုကြောင့် စစ်အုပ်စုက ဘယ်လောက်ထိခိုက်ဒဏ်ရာ ရရှိသူရှိပြီး ဘယ်လောက်သေဆုံးသွားခဲ့တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Delta News Agency

Read Previous

ပုသိမ်မှာ လူငယ်တွေကို PDF လို့ စွပ်စွဲပြီး အကြမ်းဖက်စစ်အုပ်စုက လိုက်လံဖမ်းဆီးနေ

Read Next

မြောင်မြို့က ဒလန်လို့ နာမည်ကြီးနေသူ အသတ်ခံရ