Radio NUG ဒီနေ့ပြန်လွှင့်ပြီ

၂၆၊ ဩဂုတ်လ၊ ၂၀၂၁။

ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လွှင့်မှုယာယီရပ်နားထားနဲ့ Radio NUG ကို ဒီနေ့ ဩဂုတ်လ ၂၆ရက်နေ့မှာ ပြန်လည်ထုတ်လွှင့်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆက်သွယ်ရေး ၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက စီစဉ်တဲ့ Radio NUG လိုင်းတိုရေဒီယို စမ်းသပ်ထုတ်လွှင့်မှုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ယာယီရပ်နား ပြီးနောက် ဒီနေ့ ဩဂုတ်လ ၂၆ရက်နေ့မှာ ပြန်လည်ထုတ်လွှင့်လိုက်တာပါ။

 

နေ့စဉ် မနက် ၈နာရီနဲ့ ည ၈နာရီအချိန်တွေမှာ လှိုင်းတိုမီတာ ၁၆ မက်ဂါဟတ်ဇ် ၁၇.၇၁ ကနေ နားဆင်နိုင်မှာဖြစ်ပြီး အိမ်သုံးရေဒီယိုတွေနဲ့ ဖမ်းယူလို့ရနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိူးသားညီညွတ်ရေးအစိုးရက NUG ရေဒီယိုချန်နယ်ကို စတင်ထုတ်လွှင့်ပြီးနောက် ဈေးကွက်အတွင်း ရေဒီယိုရောင်းအား စံချိန်တင်မြင့်တက်ခဲ့ပြီး လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ ရေဒီယိုတွေ ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။