ယင်းမာပင် PDFက မိုင်းခွဲတိုက်ခိုက်လို့ စစ်အုပ်စုဝင် ၂၀ကျော်သေတယ်လို့ဆို

၁၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ဖိုလ်ဝင်တောင်လမ်းခွဲမှာ ဩဂုတ်လ ၁၂ရက်နေ့က မွန်းလွဲပိုင်းက ပုလဲမြို့ဘက်ကနေ လာတဲ့ စစ်အုပ်စုကားနှစ်စီးကို ယင်းမာပင် PDFက မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဝင် အယောက် ၂၀ကျော် သေခဲ့တယ်လို့ အလောင်းတော်ကဿပနယ်မြေသတင်းဆီကနေ သိရပါတယ်။

ပုလဲမြို့ဘက်မှာ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးကာ အဓမ္မလုယူပြီး မုံရွာဘက်ကို ပြန်လာတဲ့ စစ်အုပ်စုကားနှစ်စီးကို

ဖိုလ်ဝင်တောင်လမ်ခွဲမှာ မိုင်း ၇လုံးခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကားနှစ်စီးလုံး မီးလောင်ပေါက်ကွဲပြီး စစ်အုပ်စုဝင် ၂၀ကျော် သေဆုံးခဲ့တယ်လို့ ယင်းမာပင် PDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အလောင်းတော်ကဿပနယ်မြေသတင်းက ဖော်ပြထားတာပါ။

မိုင်းခွဲတိုက်ခိုက်ပြီးနောက် ယင်းမာပင် PDF အဖွဲ့ဝင်တွေ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Delta News

Read Previous

စိုင်ပြင်မြို့ ရဲစခန်းရှေ့ ဗုံးပေါက်

Read Next

အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်တွေ စပြီ