ဝါးခယ်မ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင် ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

၁၁၊ ဩဂုတ်လ၊ ၂၀၂၁။

ဧရာ၀တီတိုင်းဝါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ဟာ ကိုဗစ်ရောဂါနဲ့ ဩဂုတ်လ ၁၀ရက်နေ့က ကွယ်လွန်သွားတယ်လို့သိရပါတယ်။

ဝါးခယ်မမြို့နယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ဟာ မနေ့ညပိုင်းက ကိုဗစ်ရောဂါနဲ့ အင်းစိန်ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့မှာရောဂါအခံရှိတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ဦးဌေးအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရံဗဟိုကော်မတီဝင်၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ (အဖွဲ့ဝင်)၊ တိုင်းဒေသကြီးတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌတာဝန်တွေကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒုတိယအကြိမ်ဧရာ၀တီတိုင်းလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဌတာ၀န်ယူခဲ့ပြီး လွှတ်တော်မှာ မေးခွန်းအများဆုံးတင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။