ဧရာဝတီတိုင်းမှာ ဖက်ဒရယ်ပညာရေးစနစ် စတင်နိုင်ဖို့ ပြင်ဆင်နေ

Ayeyarwaddy Federal School နဲ့ MOE အသိအမှတ်ပြုဖက်ဒရယ်ကျောင်းတွေကို ကြိုဆိုတယ်လို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ CRAH က ဇွန်လ ၉ ရက်နေ့ မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
CDM ပညာရေးဝန်ထမ်းတွေ ၊တတ်သိပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ Volunteer လူငယ်တွေ၊ မိဘပြည်သူတွေ ပူးပေါင်းပြီး အွန်လိုင်းကတဆင့် သင်ကြားမှု၊ နေအိမ်အခြေပြုသင်ကြားမှု ၊ မြေပြင်အခြေပြုသင်ကြားမှု စတဲ့ သင်ကြားရေး နည်းမျိုးစုံနဲ့ CDM ကျောင်းသားကျောင်းသူတွေရဲ့ စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးကို ရည်ရွယ်ပြီး ဧရာဝတီတိုင်းအတွင်းမှာ Ayeyarwaddy Federal School နဲ့ MOE အသိအမှတ်ပြုဖက်ဒရယ်ကျောင်းတွေကို ဖွင့်လှစ်ထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
CRAH ရဲ့ လူမှုအထောက်အကူပြုကော်မတီက လွှတ်တော်ကိုယ်စားလှယ်တဦးကို DNA က ဆက်သွယ်မေးမြန်းရာမှာ “ အခက်အခဲတွေတော့ရှိတယ်၊ ဘဏ္ဌာရေးအခြေအနေက အစ ၊ ကိုယ်ထူကိုယ်ထ လုပ်နေကြတာ၊ CRAH အနေနဲ့လည်း ဘတ်ဂျက်မရှိတော့ ကိုယ်စားလှယ်တွေ အချိုးကျပါဝင်တာမျိုးပဲ လုပ်နိုင်သေးတယ်၊ CRAH အနေနဲ့ အစီရင်ခံစာရေးပြီး CRPH ကိုတင်ဖို့ရှိတယ်၊ အဲဒါဆိုရင်တော့ ဧရာဝတီတိုင်းအတွက် ပညာရေးဘတ်ဂျက်လည်း ရလာမယ်ထင်တယ်လို့ “ ဆိုပါတယ်။
လက်တလောမှာ ဧရာဝတီတိုင်းအတွင်း CDM ကျောင်းသား ၊ ကျောင်းသူအရေအတွက်က တခြားတိုင်းနဲ့ ပြင်နယ်တွေထက်စာရင် အနည်းအကျင်းသာ ရှိနေသေးတာပါ ။ ဒါ့အပြင် CDM လုပ်နေတဲ့ ကျောင်းသားတွေရဲ့ အွန်လိုင်းပညာသင်ကြားရေးမှာလည်း အခက်အခဲတွေ ရှိနေသေးတယ်လို့ ကျောင်းသားမိဘတဦးကလည်း ပြောပါတယ်။
“ အဓိက က ကလေးတွေက အာရုံစူးစိုက်မှု အားနည်းတာ ၊ ဆရာဆရာမနဲ့ အပြင်မှာ သင်ရတာမဟုတ်တဲ့အတွက် မကြောက်ဖူး၊ စာကို အာရုံမစိုက်ဘူး။ မိဘက ဘေးကတချိန်လုံး စောင့်ကြည့်နေ၊ ပြောနေရတယ်။ အဲတော့ ကိုယ်တွေလည်း အလုပ်မတွင်ဘူး။ နောက်ပြီး နည်းပညာ အခက်အခဲတွေလည်း ရှိတာပေါ့။ ကွန်ပျူတာတွေ၊ အင်တာနက်တွေက ကိုယ်တွေလည်း သိပ်ကျွမ်းတာ မဟုတ်ဘူး ဆိုတော့ တခုခုဆို စာသင်တာက လွတ်သွားပြန်ရော “ လို့ ဆိုပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်းက Ayeyarwaddy Federal School နဲ့ MOE အသိအမှတ်ပြု ဖက်ဒရယ်ကျောင်းတွေရဲ့ ကျောင်းအပ်လက်ခံမှုနဲ့ ပညာသင်ကြားရေး အခြေ