ထားဝယ်မှာ Eastern Defense Force အဖွဲ့ဝင် ၂ဦးပစ်ခတ်ခံရလို့ကျဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မေတ္တာမြို့၊ ဝကုန်းကျေးရွာ ၂၃ မိုင်စစ်ဆေးရေးဂိတ်အနီးမှာ Eastern Defense Force အဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရပြီး ကျဆုံးခဲ့ပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Eastern Defense Force အဖွဲ့ဝင်တွေဟာ ထားဝယ်-ထီးခီးလမ်းပေါ်က မေတ္တာမြို့၊ ဝကုန်းရွာမှာ ဇွန် ၉ရက် ညနေပိုင်း လမ်းသွားလမ်းလာ ကာ၊းဆိုင်ကယ်တွေကို စစ်ဆေးနေချိန် အိမ်စီးကားမောင်းနှင်လာတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အခုလို ကျဆုံးခဲ့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“PDF အဖွဲ့တွေက လမ်းသွားလမ်းလာကားတွေကို စစ်နေချိန် ထားဝယ်ဘက်ကနေ Vigo ကားနဲ့လာတဲ့ စကစ အဖွဲ့တွေက ပစ်သွားတာ။ ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းတစ်ချို့လဲ ပါတယ်လို့ကြားတယ်။”လို့ PDF အဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကျဆုံးသွားသူတွေဟာ Eastern Defense Force အဖွဲ့ဝင် ကိုကြည်ဝင်းနဲ့ပီပီလေးတို့ ၂ ဦးဖြစ်တယ်လို့ Eastern Defense Force အဖွဲ့ဝင်က ထုတ်ပြန်ပါတယ်။
ဒေသတွင်းသတင်းမီဒီယာတွေမှာဖော်ပြချက်တွေရ Eastern Defense Force အဖွဲ့ဝင် ကိုကြည်ဝင်းနဲ့ပီပီလေးတို့ ၂ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်း ဦးညီညီသိန်းဆိုသူဖြစ်ပြီး ကျောက်မဲတောင်ရွာမှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၆ ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာအနီး လမ်းပေါ်မှာကားတွေစစ်နေတဲ့ PDF အဖွဲ့တွေကို အကြမ်းဖက်စစ်အုပ်စုဝင်တွေကို အရပ်သားကား