၃၁၊ ဇူလိုင်လ၊ ၂၀၂၁။
ပုသိမ်မြို့မှာ ဇူလိုင်လ ၃၁ရက်နေ့က ကိုဗစ်နဲ့ သေဆုံးသူ ၂၂ဦး ရှိတယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။
ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ ၁ဦး၊စစ်တပ်မဆရ(၄)ဆေးရုံက၂ဦး၊နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ ၁၉ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ကပ်ရောဂါတတိယလှိုင်းအတွင်း ပုသိမ်မြို့မှာ ဇူလိုင်လ တလလုံး ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၈၁၀ဦးရှိလာပြီဖြစ်ပါတယ်။