ဝမ်ပေါင်ကုမ္ပဏီအပါအဝင် မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းလေးခုကို အမေရိကန် ထပ်တိုးအရေးယူ

၂ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ နောက်ထပ်လုပ်ငန်းလေးခုကို အမေရိကန်က ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်တဲ့ စာရင်းထဲ ထည့်လိုက်တယ်လို့ ရိုက်တာသတင်းဌာနက ဒီနေ့ ဇူလိုင်လ ၂ရက်နေ့မှာ ဖော်ပြပါတယ်။

ဒါဟာ အမေရိကန်အစိုးရအနေနဲ့  မြန်မာနိုင်ငံရဲ့ ဖေဖော်ဝါရီ ၁ရက်စစ်အာဏာသိမ်းလုပ်ရပ်အပေါ် တုံ့ပြန်တာလည်း ဖြစ်ပါတယ်။ ထပ်တိုးစာရင်းထဲမှာ ကြေးနီသတ္တုလုပ်ငန်းနဲ့ ဆက်သွယ်ရေးဂြိုလ်ထုဝန်ဆောင်မှုလုပ်ငန်းတို့

ပါဝင်တယ်လို့ အမေရိကန်အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင် Wanbao ဝမ်ပေါင် ကြေးနီသတ္တုတွင်းကုမ္ပဏီလီမိတက်နဲ့ သူ့ရဲ့ လက်အောက်ခံလုပ်ငန်းနှစ်ခုဖြစ်တဲ့ Myanmar Wanbao သတ္တုတွင်း ကုမ္ပဏီလီမိတက်နဲ့ Myanmar Yang Tse ကြေးနီကုမ္ပဏီအပြင် King Royal နည်းပညာကုမ္ပဏီတို့ ဖြစ်ကြပါတယ်။

Ref – Reuters