ပုသိမ်ရွှေမုဌောစေတီရင်ပြင်မှာ ကျင်းပခဲ့တဲ့ လှိုင်းလေထန်ထန် ရေဆန်ခရီး ကန်တော့ပွဲ

၉ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲ နှင့်Pathein Thar Entertainment တို့ ပူးပေါင်းစီစဉ် ရိုက်ကူးတဲ့ လှိုင်လေထန်ထန် ရေဆန်ခရီး ဆိုတဲ့ ဇာတ်ကားကန်တော့ပွဲကို ပုသိမ်မြို့ ရွှေမုဌော စေတီ ရင်ပြင်ပေါ်မှာ ဒီနေ့ မနက်ပိုင်းမှာကျင်းပခဲ့တာပါ ။

ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာ မှာ ၂၀၁၅ ခုနှစ် ရေဘေးစီမံချက် နဲ့ ထောက်ပံ့ကူညီဆောင်ရွက်ချက်တွေကို အခြေခံပြီး ဇါတ်ညွှန်းရေးဆွဲ ရိုက်ကူးသွားကြမှာ ဖြစ်ပါတယ် ။ ဒီဇါတ်ကားကို ဒါရိုက်တာ အဖြစ် ကိုငြိမ်း ( Pathein Thar Entertainment) ရိုက်ကူးသွားမှာ ဖြစ်ပါတယ် ။
သရုပ်ဆောင်တွေ အနေနဲ့ စည်သူရဲရင့် ၊ ဝင်းပိုင် ၊ စိုပြေ ၊ အီးတီ ၊တင့်ထက် ၊ သက်ဦးဝေ ၊ ဟိန်းသန့် ၊ ဦးနေသွေးသစ် ၊ ရှင်ယွန်းမြတ် ၊ ဝင့်ဂုဏ်ရည် ၊ ဟန်နီဆုစံ ၊ပိုးဝါလေး ၊ ထျန်းထျန်း အစရှိတဲ့ သူတွေ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ် ။

ဒီဇါတ်ကားကို အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ပြီး ဟင်္သာတမြို့ ဦးပါရဲစေတီ မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။