၉ ၊ စက္တင္ဘာ ၊ ၂၀၁၈ ။
တရားစီရင္ေရးနစ္ ပိုၿပီးပြင့္လင္းျမင္သာစြာ နဲ႕ ထိေရာက္မႈရွိေစဖို႕။ တရားစီရင္ေရးမဟာဗ်ဴဟာကိုေရးဆြဲအေကာင္အထည္ေဖာ္ေနတာမွာ၃ႏွစ္အတြင္း မႈခင္းစီမံခန္႕ခြဲမႈတရားရံုးေတြတစ္ႏိုင္ငံလံုးအေကာင္အထည္ေဖာ္ဖို႕ရွိေနတယ္လို႕ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ရံုး လက္ေထာက္ညႊန္ၾကားေရးမွဴးဦးဝင္းေအာင္ ကေျပာပါတယ္။
လက္ရွိႏိုင္ငံအေနနဲ႕ ဒီမိုကေရစီနုိင္ငံျဖစ္တဲ့အတြက္ စနစ္နဲ႕သင့္ေလွ်ာ္တဲ့ တရားစီရင္ေရးစနစ္ကို ေျပာင္းလဲေနတယ္လို႕ ဧရာဝတီတိုင္းေဒသႀကီး တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ကေျပာပါတယ္။
လက္ရွိမွာေတာ့ ျမန္မာတစ္ႏိုင္ငံလံုးအေနနဲ႕ ပုသိမ္ၿမိဳ႕နယ္အပါအဝင္ ေရွ႕ေျပးတရားရံုး ၈ ရံုးနဲ႕မူခင္းစီမံခန္႕ခြဲမႈတရားရံုး ၁၈ ရံုး ရွိတဲ့အတြက္ မူခင္းစီမံခန္႕ခြဲမႈက်င့္သံုးေနတဲ့ တရားရံုး ၂၆ ရံုးရွိေနျပီျဖစ္ပါတယ္။
Unicode
တရားစီရင်ရေးနစ် ပိုပြီးပွင့်လင်းမြင်သာစွာ နဲ့ ထိရောက်မှုရှိစေဖို့ မှုခင်းစီမံခန့်ခွဲမှုတရားရုံးတွေ ၃ နှစ်အတွင်း တစ်နိုင်ငံလုံးအကောင်အထည်ဖော်မည်
၉ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။
တရားစီရင်ရေးနစ် ပိုပြီးပွင့်လင်းမြင်သာစွာ နဲ့ ထိရောက်မှုရှိစေဖို့။ တရားစီရင်ရေးမဟာဗျူဟာကိုရေးဆွဲအကောင်အထည်ဖော်နေတာမှာ၃နှစ်အတွင်း မှုခင်းစီမံခန့်ခွဲမှုတရားရုံးတွေတစ်နိုင်ငံလုံးအကောင်အထည်ဖော်ဖို့ရှိနေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းအောင် ကပြောပါတယ်။
လက်ရှိနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် စနစ်နဲ့သင့်လျှော်တဲ့ တရားစီရင်ရေးစနစ်ကို ပြောင်းလဲနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ကပြောပါတယ်။
လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ပုသိမ်မြို့နယ်အပါအဝင် ရှေ့ပြေးတရားရုံး ၈ ရုံးနဲ့မူခင်းစီမံခန့်ခွဲမှုတရားရုံး ၁၈ ရုံး ရှိတဲ့အတွက် မူခင်းစီမံခန့်ခွဲမှုကျင့်သုံးနေတဲ့ တရားရုံး ၂၆ ရုံးရှိနေပြီဖြစ်ပါတယ်။