ဧရာဝတီတိုင်း ငရုပ်ကောင်းဒေသကနေ မူဆယ်အထိ ကုန်သွယ်ရေးလမ်းကြောင်း ဖော်ဆောင်ဖို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆိုပြုလွှာတင်သွင်းမည်

၉ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

လက်ရှိအချိန် တရုတ်မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအနေနဲ့ ရန်ကုန်- မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းကို အကောင်အထည်ဖော်နေပါတယ်။ အဲ့ဒီလမ်းကြောင်းနဲ့တဆက်တည်း ချောင်းသာ -ဂေါရံဂျီ လမ်းနဲ့ဆက်သွယ်ဖောက်လုပ်ဖို့ အဆိုပြုလွှာတင်သွင်းသွားမယ်လို မနေ့ကပုသိမ်ဟိုတယ်မှာကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုပြပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းတွေ့ဆုံပွဲမှာ့  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုတွေတိုးလာဖို့ အခုလိုအဆိုပြုလွှာတင်သွင်းမှာပါ။ဒါ့အပြင် လာမယ့် နိုဝင်ဘာ ၃၁ နဲ့ ဒီဇင်ဘာ ၁ရက်နေ့တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုပြပွဲကို ငွေဆောင်ကမ်းခြေမှာကျင်းပဖို့ရှိနေပါတယ်။

ဒီနေ့အထိဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရဆောင်ရွက်နေတဲ့ လုပ်ငန်း ၃၃ ခုရှိပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုက ၃၈ ခုရှိပါတယ်။

Delta News

Read Previous

ဟင်္သာတခရိုင်က ရဲတပ်ဖွဲ့ဝင် ၆၀ စုပေါင်းသွေးလှူ

Read Next

တရားစီရင်ရေးနစ် ပိုပြီးပွင့်လင်းမြင်သာစွာ နဲ့ ထိရောက်မှုရှိစေဖို့ မှုခင်းစီမံခန့်ခွဲမှုတရားရုံးတွေ ၃ နှစ်အတွင်း တစ်နိုင်ငံလုံးအကောင်အထည်ဖော်မည်