ဧရာဝတီတိုင်းအတွင်း ကြိုးတံတားလေးစင်း အစားထိုးတည်ဆောက်မည်

၇ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အဓိကမြို့ကြီးတွေကိုဆက်သွယ်ထားတဲ့ကြိုးတံတား ၇ စင်းရှိပြီး အဲ့ဒီအထဲက တံတားကြံ့ခိုင်ရေးအားနည်းလာတဲ့ကြိုးတံတား လေးစင်းကိုအစားထိုးတည်ဆောက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊လမ်းပန်းဝန်ကြီးကပြောပါတယ်။

လက်ရှိမှာတော့ တံတားတည်ဆောက်ဖို့ ဂျပန်ပညာရှင်တွေနဲ့တိုင်ပင်နေပြီး လာမည့်ဘဏ္ဍာနှစ်မှာစတင်တည်ဆောက်သွားမယ်လို့သိရပါတယ်။

အစားထိုးတည်ဆောက်ရမယ့် ကြိုးတံတားတွေအနေနဲ့ တံတားကြံ့ခိုင်ရေးတွေအားနည်းနေတဲ့အတွက် ခံနိုင်ဝန်တန်ချိန်တွေလျှော့ချသတ်မှတ်ထားပါတယ်။ ဒါ့အပြင် ပုသိမ်တံတားသစ် လည်းတည်ဆောက်ဖို့လျာထား ထားပါသေးတယ်။ ပျက်ကျသွားတဲ့မြောင်းမြကြိုးတံတား နေရာမှာ အသစ်တည်ဆောက်နေတဲ့ မြောင်းမြတံတားသစ်ကတော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာဖွင့်လှစ်နိုင်မယ်လို့သိရပါတယ်။

Delta News

Read Previous

ပုသိမ်ရွှေမုဌောစေတီရင်ပြင်မှာ ကျင်းပခဲ့တဲ့ လှိုင်းလေထန်ထန် ရေဆန်ခရီး ကန်တော့ပွဲ

Read Next

ဟင်္သာတမြို့ပရိတ်သတ်အတွက် ဖြိုးမြတ်အောင်ရဲ့ ကျေးဇူးဆပ်တဲ့ပွဲ (Live)