ဟင်္သာတမြို့ပရိတ်သတ်အတွက် ဖြိုးမြတ်အောင်ရဲ့ ကျေးဇူးဆပ်တဲ့ပွဲ (Live)

၇၊စက်တင်ဘာ၊၂၀၁၈။

Myanmar Idol Winner ဖြစ်ခဲ့ပြီးနောက် ဖြိုးမြတ်အောင်က သူရဲ့ မြို့က အမျိုးတွေ ၊ ပရိတ်သတ်တွေကို ကျေးဇူးတုန့်ပြန်ပြီး အခမဲ့ ဖျော်ဖြေပေးနေတာပါ ။ ဒီပွဲကို ဟင်္သာတမြို့ ဦးပါရဲဘုရားကွင်းပြင်မှာ ကျင်းပနေတာဖြစ်ပါတယ်။ ဖြိုးမြတ်အောင် နှင့် အတူပါဝင်ဖျော်ဖြေသီဆိုဖို့ Myanmar Idol မောင်နှမတွေ ဖြစ်တဲ့ ငွေစင်လှိုင်း ၊ နေခန့်မင်းသစ် တို့လည်း ဟင်္သာတမြို့ကို ရောက်ရှိနေပါပြီ ။ သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ပြည်တွင်း ၊ ပြည်ပ နိုင်ငံအနှံ့က ပရိတ်သတ်တွေ တပြိုင်နက် လိုက်ပါခံစားနိုင်ဖို့ Delta News Agency ကနေ Live ဖြင့် တင်ဆက်လိုက်ရပါကြောင်း ခင်ဗျာ။