လွှတ်တော်အထိရောက်လာတဲ့ လေးမျက်နှာမြို့က ဆိုင်ကယ်ခိုးမှု

၁၉ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။




Unicode
လေးမျက်နှာမှာ နယ်လှည့်ဆိုင်ကယ်ခိုးတဲ့အဖွဲ့ဖမ်းမိတဲ့အပေါ် ကွင်းဆက်တွေဆက်ဖမ်းဖို့လွှတ်တော်မှာမေးခွန်းမေး

၁၉ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

လေးမျက်နှာမြို့နယ်က မြို့တွင်းလမ်းမတွေမှာ ကားတွေနဲ့ နယ်လှည့်ဆိုင်ကယ်ခိုးတဲ့အဖွဲ့ကို ဖမ်းဆီးရမိပြီးတဲ့နောက် ကွင်းဆက်တွေဆက်လက်ဖော်ထုတ်မှုရှိမရှိအခြေအနေကို လေးမျက်နှာ အမတ် ဦးစိုးခိုင်က ဒီကနေ့ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မေးမြန်းခန်းခဲ့ပါတယ်။

နယ်လုံဝန်ကြီးကတော့ ဆက်စက်မှုတွေရှိနေမယ်ဆိုရင် ဆက်ပြီးဖော်ထုတ်မယ်လို့ဖြေကြားခဲ့ပါတယ်။

ဆိုင်ကယ်ခိုးတဲ့အဖွဲ့ကို ပြည်သူတွေ ရဲ့ သတင်းပေးချက်အရဖမ်းမိပေမယ့် ကျန်သေးတဲ့စပ်ဆက်နေတဲ့ ကွင်းဆက်တွေကို ဆက်ပြီးဖော်ထုတ်တာတွေမရှိတာကြောင့်အခုလိုမေးခွန်းမေးမြန်းရတာလို့လေးမျက်နှာအမတ်ဦးစိုးခိုင်ကပြောပါတယ်။