
၁၉ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။




Unicode
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေငှားဂရမ်လုပ်ပေးနေတဲ့ အစီအစဉ်
တိုင်းလွှတ်တော်မှာ မေးခွန်းမေး

၁၉ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဒီနေ့ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ မြေငှားဂရမ်တွေနဲ့ ပါတ်သက်ပြီး တိုင်းလွတ်တော်ကိုယ်စားလှယ် ၂ ဦးက မေးခွန်းတွေ မေးမြန်းခဲ့ပါတယ် ။ ဝါးခယ်မ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က မြေငှားဂရမ်လျှောက်ထားမှုတွေကို သတ်မှတ် စံချိန်စံညွှန်းတွေ နဲ့အညီ ကွင်းဆင်းဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိမရှိ မေးခဲ့ပါတယ် ။

ရေကြည် မဲဆန္ဒနယ် အမှတ် ၁ က ဦးမျိုးညွှန့်ကလည်း မြေငှားဂရမ်ချထားပေးမှုကိုတစ်မြို့နယ် တစ်ရပ်ကွက် အစားတစ်မြို့နယ် ၂ ရပ်ကွက်ပေးသင့်တယ်လို့ ဆိုပါတယ် ။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒသမ ပုံမှန်အစည်ည်းအဝေးမှာ ပုသိမ်မဲဆန္ဒနယ် အမှတ် (၂) က ဦးအောင်သူထွေးက မြို့ဧရိယာသတ်မှတ်ထားတဲ့ ရပ်ကွက်တွေကလယ်မြေ ၊ ဥယဉ်ခြံမြေ ၊ ဓနိမြေ ၊ စားကျက်မြေ နှင့် အစိုးရအမည်ပေါက်မြေတွေကို လုပ်ထုံးလုပ်နည်းနှင့် အညီ မြေငှား ဂရန်တွေ ချပေးဖို့ အဆိုအောင်ခဲ့အပြီး အခုလိုတစ်မြို့နယ် တစ်ရပ်ကွက် ရှေ့ပြေးဆောင်ရွက်ချက်တွေ ဆောင်ရွက်နေတာဖြစ်ပါတယ် ။