သိန္နီမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ သားအမိနှစ်ဦးသေဆုံး၊ တိုက်ပွဲဆက်လက် ပြင်းထန်နေ

နိုဝင်ဘာ ၊ ၂

ညီ​နောင်မဟာမိတ်တပ်တွေနဲ့ စစ်​ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်နေတဲ့ သိန္နီမြို့မှာ မနေ့ကညနေပိုင်းက နေ အိမ်ပေါ်လက်နက်ကြီးကျည်ကျလို့ အိမ်ထဲရှိနေတဲ့ သားအမိနှစ်ဦးသေဆုံးသွားသလို နေအိမ်လည်းပျက်စီး သွား တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အိမ်နောက်ဖေးမှာထမင်းစားနေရင်းလက်နက်ကြီးကျတာ၊ပွဲချင်းပြီး​သေသွားတယ်”လို့ သိန္နီ​ဒေသခံအမျိုးသား တဦးက​ပြောပါတယ်။

လက်နက်ကြီးကြောင့်သေဆုံးသွားသူတွေဟာ သိန္နီမြို့ ရပ်ကွက်(၄) သိန္နီ-ကွတ်ခိုင်လမ်းခွဲတိုးဂိတ်အနီးမှာနေ ထိုင် တဲ့ ပါစောဆိုသူ အသက်ခြောက်ဆယ်ကျော်အမျိုးသမီးနဲ့ သမီးဖြစ်တဲ့ အသက်လေးဆယ်ဝန်းကျင် အရွယ်နန်း အေးလျန်းတို့ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီနေအိမ်ပေါ် ကျ​ရောက်​ပေါက်ကွဲတဲ့လက်နက်ကြီးကို​ ဘယ်အဖွဲ့ကပစ်တယ်ဆိုတာကို ​မသိရ​သေး​ပေမယ့် အိမ် ကတော့ပျက်စီးသွားတယ်လို့ ​​ဒေသခံတွေကပြောပါတယ်။

ညီနောင်မဟာမိတ်တွေရဲ့ ရှမ်းမြောက်ထိုးစစ်စတင်ပြီးနောက် အောက်တိုဘာ၃၁ရက်အထိ ငါးရက်အတွင်း နမ့်ခ မ်း၊ နမ့်ဖက်ကာ၊နမ္မတူ၊ကွတ်ခိုင်၊မိုးကုတ်ဒေသတွေက  ကလေးငါးဦးအပါအဝင် အရပ်သား ၁၁ဦး လက်နက် ကြီး ထိမှန်သေဆုံးခဲ့ပြီး ၃၄ဦးထက်မနည်းဒဏ်ရာတွေရထားတယ်လို့ တအာင်းတပ် TNLA ကမနေ့ကထုတ်ပြန် ထား ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြို့က ရဲစခန်းနဲ့အုပ်ချုပ်ရေးရုံးတို့ကို မဟာ မိတ်တပ်တွေက အောက်တိုဘာ ၃၀ရက်ကတည်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် မြို့ဝန်းကျင်မှာ နှစ်ဖက် တိုက်ပွဲ တွေတော့ဒီကနေ့အထိဆက်လက်ပြင်းထန်နေဆဲပဲလို့သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း ရပ်ကွက်၊ကျေးရွာတွေထဲ လက်နက်ကြီးကျည်တွေကျလို့ အရပ်သားသေဆုံးထိခိုက်မှုနဲ့ နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးမှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

 မနေ့က ​နေလယ် တနာရီ ဝန်းကျင်မှာလည်း ​စစ်ကောင်စီရဲ့ သိန္နီမြို့အခြေစိုက် အမှတ်၁၆ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် အနီးမှာရှိတဲ့ ​ကောင်း​ဟော်ရွာထဲကို လက်နက်ကြီးကျ​ရောက်​ပေါက်ကွဲလို့ လူ​နေအိမ်​တွေ မီး​လောင် ခဲ့ တယ်လို့ သိရပါတယ်။

“ကိုးကန့်က အဲ့နားက ဘုန်းကြီးကျောင်းမှာ တပ်လာချထားတာ၊အဲ့​ဒါ ဒီ​နေ့ စစ်တပ်က သူတို့ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ အဲ့နားက အိမ်​တွေ မီး​လောင်တာအများကြီးပဲ” လို့ ​​သိန္နီမြို့ခံ အမျိုးသမီးတဦးက​ပြောပါတယ်။

လက်နက်ကြီးကျခဲ့တဲ့ ကောင်း​ဟော်ရွာမှာ​တော့ ​ဒေသခံ​တွေအားလုံး ​ဘေးလွတ်ရာ​ကို စစ်​ဘေး​ရှောင်နေကြ တာ ကြောင့် ​လူထိခိုက်မှု​မရှိပေမယ့် ​လက်နက်ကြီးထိထားတဲ့နေအိမ်တွေကတော့ ပျက်စီးဆုံးရှုံးမှုများတယ်လို့ သူက ပြောပါတယ်။

“အတိအကျသိတာ​တော့ အိမ်နှစ်အိမ်​ပေါ့၊တအိမ်ကဓာတ်​မြေသြဇာဆိုင်၊အဲ့ဟာလည်းတအိမ်လုံး တဆိုင်လုံးမီး​လောင် ပြာကျသွားတယ်၊​နောက်တခုက ကားဝပ်​​ရှော့ အိမ်နဲ့ ကားဝပ်​​ရှော့တွဲထားတာ​ပေါ့​နော်၊အဲ့ကားဝပ်​ရှော့ လည်း အဲ့ထဲမှာ ကား​တွေအများကြီး​ပေါ့​နော်၊အဲ့မှာဆုံးရှုံးမှု​တော့များမယ်” လို့ ​သိန္နီ​ဒေသခံ အမျိုးသမီးက​ပြောပါ တယ်။

ညီ​နောင်သုံးဖွဲနဲ့ စစ်ကောင်စီတပ်တို့ဟာ မ​နေ့ ​နေ့လယ် ၁နာရီဝန်းကျင်က သိန္နီတံတားနဲ့ စစ်​ကောင်စီ စကခ ၁၆တပ် နားက ရွာ​တွေဖြစ်တဲ့ ​ကောင်း​ဟော်၊​ကောင်း​လောက်​စောက်၊ကချင်စု၊​ကျောင်းခမ်း စတဲ့ရွာ​တွေဘက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေလည်းဖြစ်ခဲ့တယ်လို့သိရပါတယ်။

မဟာမိတ်တပ်တွေဟာ မနေ့ကတည်းကသန္နီတံတား နဲ့ စစ်​ကောင်စီ စကခ ၁၆ အနီး​ကျေးရွာ​တွေမှာ ​နေရာယူ ထားကြပြီး စစ်​ကောင်စီတပ်နဲ့တပ်မိသားစုဝင်​တွေက​တော့ စကခ ၁၆ တပ်ရဲ့​​နောက်ဘက်က ​တောင်တန်း​တွေ​ ပေါ်မှာ​နေရာယူပြီးမဟာမိတ်တပ်တွေအခြေပြုလှုပ်ရှားတဲ့ လူ​နေ​ကျေးရွာတွေဘက်ကိုပစ်ခတ်မှုတွေ လုပ်နေတာ လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိနှစ်ဖက်တိုက်ပွဲပြင်းထန်တဲ့​နေရာ​တွေဟာ သိန္နီမြို့နဲ့ တမိုင်ခွဲ​လောက်သာ​ဝေးပြီး စစ်​ကောင်စီ စကခ ၁၆ တပ်ရဲ့ မျက်​စောင်းထိုးက စစ်​ဘေး​ရှောင် တထောင်ကျော်ခိုလှုံ​နေတဲ့ ​​ကျောင်းခမ်း ဘုန်း​ကြီး​ကျောင်း တည်ရှိရာ ​နေရာ လည်းဖြစ်ပါတယ်။

ဒီက​​နေ့ ​မနက်နှစ်နာရီလောက်ကစလို့ အခုနေ့လယ်ပိုင်းအထိလည်း စစ်ကောင်စီတပ်​တွေဟာ ​လက်နက်ကြီး၊ လက်နက်ငယ်အပြင် တိုက်ခိုက်ရေး လေယာဉ်နဲ့ပါ မဟာမိတ်တပ်တွေရှိရာ​ကျေးရွာနားတဝိုက်ကိုပစ်ခတ်​နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်​နေဆဲပဲလို့ ​ဒေသခံ​တဦးက ​ပြောပါတယ်။

“ပစ်​နေကြတယ်၊လက်နက်ကြီးသံ လက်နက်ငယ် ၊လေယာဥ်ကြဲသံ​ပေါ့၊အခုလည်း ကြဲနေတုန်းပါပဲ” လို့ ​သိန္နီ​ဒေသခံ အမျိုးသမီးတဦးက ​ပြောပါတယ်။

မဟာမိတ်တပ်တွေဟာသိန္နီမြို့ကို ​အောက်တိုဘာလ ၃၀ရက်​ကတည်းက ထိန်းချုပ်ထားနိုင်ခဲ့ပြီး သိန္နီရဲစခန်း၊​ တရားရုံး၊ထွေအုပ်ရုံး၊မီးသတ်ရုံး​တွေကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့နေ့လယ်ပိုင်းထုတ်ပြန်တဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာတော့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် တပတ်အတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ကြူကုတ် (ပန်ဆိုင်း) မြို့တွေကိုအလုံးစုံ ထိန်းချုပ်နိုင်ပြီလို့ ဖော်ပြထားပါတယ်။

Photo – CJ