ဝိုင်းမော်မှာ လမ်းဘေးရပ်ထားတဲ့ ကားကို ဝင်တိုက်မိတဲ့ ဆိုင်ကယ်မောင်းသူ သေဆုံး

အောက်တိုဘာ ၊ ၂၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊သာဂရ အမှတ်(၄) ရပ်ကွက်မှာ ဒီကနေ့ မနက် ၂ နာရီခန့်က လမ်းမကြီးဘေးမှာရပ်ထားတဲ့ ငှက်ပျောတင်ကားကို ဝင်တိုုက်မိတဲ့ ဆိုင်ကယ်မောင်းသူ အမျိုးသားနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

 “ ငှက်ပျောတင်ကားက လမ်းဘေးမှာချရပ်ထားတာလေ။ အဲ့ကုန်ကားနောက်ကနေ ဝင်တိုက်လိုက်တဲ့ပုံပါပဲ။ နဖူးကလည်းချိုက်နေပြီ ။ကျွန်တော်တို့‌ရောက်တော့ အသက်မရှိတော့ဘူး” လို့ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းက တာဝန်ရှိသူကပြောပါတယ်။

 သေဆုံးသူအမျိုးသားမှာ အသက်လေးဆယ်ခန့် အရွယ်ရှိ အမည်မသိအမျိုးသားတဦးဖြစ်ပြီး လူမှုကူညီရေး အသင်းကနေ ဝိုင်းမော်ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားခဲ့ပေမယ့် အခုချိန်ထိမိသားစုကဆက်သွယ်  လာခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

 ဝိုင်းမော်မြို့မှာ ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားလေ့ရှိပြီး ဒီတလအတွင်း ယာဉ်တိုက်မှုပေါင်း သုံးဆယ် နီးပါးဖြစ်ပွားခဲ့တယ်လို့လည်း အဲဒီလူမှုရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

 ဒါ့အပြင်ပြီးခဲ့တဲ့ အောက်တိုဘာ၁၆ရက်ကလည်း ဝိုင်းမော်မြို့ ၊ မိုင်းနားကျေးရွာ အထကကျောင်းရှေ့မှာ ဆိုက်ကယ်တိုက်မှုဖြစ်ပွားခဲ့သေးတယ်လို့လည်းသိရပါတယ်။