တရုတ်စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲ မြန်မာကိုရောက်လာ

မေ၊ ၃၁

တရုတ်နိင်ငံဗဟိုစစ်ကော်မရှင်၊ပူးတွဲစစ်ဦးစီးဌာန၊ခေတ္တ စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်ဦး ဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းစစ်တပ် ဒုတိယအကြီး အကဲနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ စစ်တပ်တွေပူးပေါင်းဆောင်ရွက်ဖို့၊နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီထိန်းချုပ် ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေကဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့မှုတွေရှိနေတဲ့ AA၊MNDAA၊TNLA စတဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေကြချိန်မှာ တရုတ်စစ်ဘက်ထောက်လှ မ်းရေးအကြီး အကဲ က နေပြည်တော်ကို လာရောက်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဘယ်လို ဆွေးနွေးသဘောတူညီမှုတွေ ပြုလုပ်မယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ပြည်တွင်းမှာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းနေချိန် ပေါ်ပေါက်လာတဲ့ တရုတ်စစ် ဘက်ထောက်လှမ်းရေးအကြီးအကဲရဲ့မြန်မာခရီးစဉ်ဟာ သတိပြုစရာဖြစ်လာပါတယ်။

နွေဦးတော်လှန်ရေးကိုကူညီထောက်ပံ့မှုတွေပေးနေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့မိုင်းလားက တွေ့ဆုံပွဲဟာလည်း တရုတ်နိုင်ငံရဲ့ကြားညှိနှိုင်းပေးမှုအရ ဖြစ်လာတာလို့ အဲ့ဒီတွေ့ဆုံပွဲကို လက်ခံ ကျင်းပပေးမယ့် မိုင်းလား တပ်ဖွဲ့(NDAA)က ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် အဲ့ဒီတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံယူနန်ပြည်နယ် နိုင်ငံ ခြားရေးရာအထူးသံတမန်တက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။

အာဏာသိမ်းကာလအစောပိုင်းကတည်းက မြန်မာ့အရေးနဲ့ပတ်သက်လို့ ပါဝင်ပတ်သက်မှုတွေရှိနေခဲ့ပေမယ့် တ ရုတ်အစိုးရအကြီးအကဲတွေဟာ အာဏာသိမ်းစစ်ကောင်စီနဲ့တော့ ခပ်ခွာခွာနေခဲ့ပြီး လူသိရှင်ကြားတရားဝင် ထိ တွေ့ဆက်ဆံမှုတွေကိုရှောင်ကြဉ်ခဲ့ပါတယ်။

ဒါပေမယ့် အခုနှစ်ဆန်းပိုင်းကစလို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့ မူဝါဒပိုင်းကိုအထိုင် ပြန်ချပြီး အိမ်နီးချင်းသံတမန်ရေးကို ရှေ့တန်းတင်လာတယ်လို့ ISP Myanmar က အခုလအတွင်း ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းဟာ အခုလဆန်းပိုင်းမှာ နေပြည်တော်ကို လာ ရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာ  အာဏာသိမ်းပြီးနောက် နှစ်နှစ် ကျော်အကြာမှာ တရုတ်အစိုးရအကြီးအကဲတဦးနဲ့ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်လီချန်ဦးဆောင်တဲ့ တရုတ်နိုင်ငံတော်ကောင်စီသစ် ဖွဲ့စည်းမှုအပြီးမှာ တရုတ်နိုင်ငံဟာ မြန်မာ့နိုင်ငံရေး နဲ့ငြိမ်းချမ်းရေးကိစ္စတွေမှာ အိမ်နီးချင်း မူဝါဒအသစ်နဲ့ ထဲထဲဝင်ဝင် ပြန်လည်ချဉ်းကပ်လာပြီး နိုင်ငံခြားရေးဝန်ကြီး ရဲ့ မြန်မာခရီးစဉ်မတိုင်မီခရီးစဉ်အပြီး မတ်လကနေ မေလအထိ သုံးလအတွင်း နှစ်နိုင်ငံထိတွေ့ခဲ့တဲ့ ကဏ္ဍအလိုက် အကြောင်းအရာ (၇၀)ခုအထိရှိခဲ့တယ်လို့ ISP Myanmar ကဖော်ပြထားပါတယ်။