ငါန်းဇွန်က ပီဒီအက်ဖ်စခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေဆုံးရှုံး

မေ၊ ၂၆

မန္တလေးတိုင်း ၊ငါန်းဇွန်မြို့နယ်ရှိ ပီဒီအက်ဖ်စခန်းကို စစ်ကောင်စီတပ်တွေက မေလ၂၆ရက်ဒီကနေ့မနက်ငါးနာရီ ဝန်းကျင်မှာဝင်ရောက်စီးနင်းတိုက်ခိုက်လို့ ကျပ်သိန်း၁၅၀တန်ဖိုးရှိလက်နက်ခဲယမ်းတွေဆုံးရှုံးခဲ့ပါတယ်။

“မနက်ပိုင်းဆိုတော့အိပ်နေတဲ့အချိန်လည်းဖြစ်တော့အလစ်အငိုက်အတိုက်ခံရတာ”လို့YGCRအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။

စစ်ကောင်စီအင်အား ၅၀ ကျော်ဟာ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့Youth Guerrilla Counter Revolution (YGCR)အဖွဲ့ကိုဝင်ရောက်စီးနှင်းခံတာဖြစ်တယ်လို့ အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။

“  ပစ္စည်းတွေတော့ဆုံးရှုံးသွားတယ် ။လူတွေကအန္တရာယ် ကင်းပါတယ်။စခန်း မီးရှို့သွားတယ် ။အကုန်လုံးပါသွားတယ် ။အခုတော့ဝတ်စရာ ကိုမရှိဘူး”  လို့ TGYRအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။

ဝင်စီးခံရတဲ့ တော်လှန်ရေးအဖွဲ့ဟာ အင်အားဘယ်လောက်ရှိတယ်ဆိုတာတော့ DNAသတင်းဌာနအနေနဲ့ တိတိကျကျမသိရပါဘူး။

စခန်းစီးနင်းခံရတဲ့အတွက်စကားပြောစက် လေးလုံး၊ ခြောက်ဆယ်မမ အဖူး ၄၀၊ ကိုးလုံးကျည်၊ကျည်ဆံတွေ၊မိုင်းတွေ၊ ဆိုင်ကယ် နှစ်စီး ၊ ဆန်တအိတ် ၊ ဆီ တပုံး၊ တပ်ဖွဲ့ ဝင် ဖောင်တွေအပါအဝင် တပ်ဖွဲ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့အနေနဲ့စခန်းမှာ မိုင်းထောင်ထားခဲ့ပေမယ့် စစ်ကောင်စီရဲ့ အထိခိုက်အကျအဆုံးကိုတော့မသိရသေးဘူးလို့ လည်းပြောပါတယ်။

အခုလိုအထိုင်စခန်းဝင်စီးတိုက်ခိုက်ခံရပေမယ့် စိတ်ဓာတ် မကျဘဲဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးပြည်သူတွေဆီက ထောက်ပုံမှုတွေ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။“ကျွန်တာ်တို့စိတ်ဓာတ်မကျပါဘူး။ဆက်တိုက်ပွဲဝင်သွားမှာပါ”လို့YGCRတာဝန်ရှိသူကပြောပါတယ်။

Photo YGCR