
ဘေကျင်းအစိုးရဟာ ထိုင်ဝမ်ကို သူ့ပိုင်တဲ့နယ်မြေအဖြစ် အခိုင်အမာဆိုထားပြီး လိုအပ်ပါက အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းရမယ့် တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။
၁၅ ၊ ဇူလိုင်
ထိုင်ဝမ်ပြည်သူ့ပါတီ (TPP)ဟာ ပါတီတည်ထောင်ချိန်ကစပြီး တရုတ်ပြည်မကြီးကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ပြီး ဘေကျင်းနဲ့တင်းမာမှုတွေ မြင့်တက်နေချိန်
ဆွေးနွေးပွဲတွေကတဆင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ South China Morning Post သတင်းဌာနဖော်ပြပါတယ်။
အတိုက်အခံပါတီငယ်ဖြစ်တဲ့ အဆိုပါပါတီရဲ့ အဖွဲ့ဝင် ၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ လူငယ်ချင်းဖလှယ်မှု၊ မြို့ပြအုပ်ချုပ်ရေး၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ နည်းပညာဆန်းသစ်တီထွင်မှုနဲ့ စွန့်ဦးတီထွင်မှု စတဲ့အကြောင်းအရာတွေကို အဓိကထားပြိး ၄ ရက်တာခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။ သူတို့ဟာ ဇူလိုင် ၁၄ ရက်နေ့က ရှန်ဟိုင်းမြို့ကို စတင်ထွက်ခွာသွားပါပြီ။
“ဒီခရီးစဉ်ဟာ လက်တွေ့ကျတဲ့ ထိတွေ့ဆက်ဆံမှုတွေကတစ်ဆင့် စေတနာနဲ့ အပြန်အလှန်ယုံကြည်မှုတွေကို တည်ဆောက်ဖို့၊ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် နားလည်မှုလွဲမှားတာတွေကို လျှော့ချဖို့နဲ့ ပိုမိုတည်ငြိမ်ပြီး ရေရှည်တည်တံ့တဲ့ အပြန်အလှန်ဖလှယ်ရေးပုံစံသစ်တစ်ခုကို ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်ပါတယ်” လို့ TPP ပါတီက ပြောခဲ့ပါတယ်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို TPP ဗဟိုစိစစ်ရေးကော်မတီဥက္ကဋ္ဌ လီဝေဟွာက ဦးဆောင်ပြီး “ဒါဟာ ထိုင်ဝမ်ပြည်သူ့ပါတီကို တည်ထောင်ပြီးကတည်းက တရုတ်ပြည်မကြီးကို လည်ပတ်ဖို့နဲ့ အပြန်အလှန်ဖလှယ်မှုတွေလုပ်ဖို့ တရားဝင်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းစေလွှတ်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးအကြား ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်း၊ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေသည်ကို သူက ဝန်ခံခဲ့ပေမယ့် ဒီလိုစိန်ခေါ်မှုကြောင့် ပဋိပက္ခဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်မယ့် လက်တွေ့ကျတဲ့ လမ်းကြောင်းတခုကို ရှာဖွေဖို့ ပိုမိုအရေးကြီးလာတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဘေကျင်းအစိုးရဟာ ထိုင်ဝမ်ကို သူ့ပိုင်တဲ့နယ်မြေအဖြစ် အခိုင်အမာဆိုထားပြီး လိုအပ်ပါက အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းရမယ့် တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအများစုဟာ ထိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်မပြုကြပေမယ့်လည်း ဝါရှင်တန်အစိုးရတော့ ထိုင်ဝမ်ကျွန်းကို အင်အားသုံးသိမ်းယူမယ့် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပြီး ထိုင်ဝမ်ကို လက်နက်တွေ ထောက်ပံ့ပေးဖို့ ကတိပြုထားပါတယ်။ ကတိကဝတ်ပြုထားသည်။
Ref – South China Morning Post