တောင်သာ Mytel တာဝါတိုင်ကို ဖောက်ခွဲ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းနားကျေးရွာက Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မေ ၉ ရက်နေ့မှာ 27 Revolution Force၊ မြေလတ် One More ၊ TTA တောင်သာ၊ Seven People Defense Force နဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF) ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ 27 Revolution Force က ဒီကနေ့ထုတ်ပြန်ပါတယ်။
တာဝါတိုင်ဖောက်ခွဲမှုကို တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။