အဆိုတော်ဗျူဟာ အင်းစိန်ထောင်၊အချုပ်ဆောင်မှာ ထိန်းသိမ်းခံထားရ

မေ ၂၆

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဟစ်ဟော့ပ်အဆိုတော် ဗျူဟာစစ်ကြောရေးမှာ ရိုက်နှက်ခံရတာကြောင့် သေဆုံး ပြီဆိုတဲ့ သတင်းဟာမဟုတ်မှန်ဘဲ လက်ရှိမှာ အင်းစိန်အကျဉ်းထောင် အချုပ်ဆောင်ကို ရောက်ရှိနေတယ်လို့ အင်း  စိန်ဗဟိုအ ကျဥ်း ထောင်နဲ့နီးစပ်သူတဦးက DNAကိုပြောပါတယ်။ “အသက်ရှင်လျက်ပါပဲ၊ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတော့ရှိတာပေါ့။အခု အင်းစိန်ထောင်ရဲ့ အချုပ်ဆောင်မှာ ရှိနေတယ်”လို့ သူကအတည်ပြုပါတယ်။

လက်ရှိမှာ အဆိုတော်ဗျူဟာကို စစ်ကောင်စီဘက် အမှုဖွင့်တရားစွဲဆိုထားတယ်လို့သိရပေမယ့် ဘယ်ပုဒ်မနဲ့အမှု ဖွင့်စွဲဆိုထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီကလည်း သူ့ကိုဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ဘာလို့ ဖမ်းဆီးတယ်၊ဘယ်လိုပုဒ်မတွေနဲ့ အရေးယူ ထားတယ်ဆိုတာတွေထုတ်ပြန်တာမရှိသေးပါဘူး။

“ဒီအထဲရောက်ပြီဆိုကတည်းက အမှုကဖွင့်ထားပြီးသားပါ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းစိန်ဗဟို အကျဥ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။

 အဆိုတော် ဗျူဟာ ဟာ လျှပ်စစ်မီးပုံမှန် မရရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေလ ၂၃ ရက်က သူရဲ့လူမှုကွန်ရက်စာမျက် နှာကနေတဆင့် စစ်ခေါင်းဆောင်၊စစ်ကောင်စီခန့်လျှပ်စစ်ဝန်ကြီးတို့ကို Live လွှင့်ပြီးဝေဖန်ပြောဆိုတာတွေ လုပ် ခဲ့ပါတယ်။

အဲ့ဒီရုပ်သံဖိုင်ထဲမှာ အဆိုတော်ဗျူဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း အရည်အချင်းမရှိတဲ့သူလို့ ဝေ ဖန်ပြောဆိုခဲ့သလို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် လျှပ်စစ်မီးရရှိမှုအခြေအနေနဲ့ စစ်ကောင်စီရဲ့ လျှပ်စစ်မီးကိစ္စ ကိုင်တွယ်မှုတွေအပေါ် နှိုင်းယှဉ်ဝေဖန်တာတွေလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ အဆိုတော်ဗျူဟာကို ဖမ်းဆီးအရေးယူဖို့ လှုံ့ ဆော်မှုတွေရှိခဲ့ပြီး နောက်တရက်မှာတော့ သူနေထိုင်ရာ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုတော်ဗျူဟာရဲ့ဖခင်ဖြစ်သူ တေးရေး/တေးဆိုနိုင်မြန်မာကတော့ ဖမ်းဆီးခံရပြီးကတည်းက မိသားစုနဲ့အဆက် အသွယ်ပြတ်တောက်နေတယ်လို့ ဒီကနေ့ မနက်ပိုင်းက BBC မြန်မာပိုင်းကိုပြောထားပါတယ်။

အဆိုတော်ဗျူဟာရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ DNAက ကြိုးပမ်းခဲ့ပေမယ့် အဆက်အသွယ်မရသေး ပါဘူး။