“ ဖိုဝါဒီလွှမ်းမိုးသော စကားဝိုင်းများ”ဓာတ်ပုံပြပွဲ

မတ်၊ ၅

“ ဖိုဝါဒီလွှမ်းမိုးသော စကားဝိုင်းများ”ဓာတ်ပုံပြပွဲ ဆိုတဲ့ ပြပွဲတခုကို ဒီကနေ့ မတ်လ ၅ ရက်နေ့က ချင်းမိုင်မြို့၊ လမ်ဒင်း ကဖီးအနီးမှာပြုလုပ်ကျင်းပခဲ့ပါတယ်။

ဒီပွဲကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ The Salween Institute for Public Policy (SIPP) တို့ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ၃ရက်တာ ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆိုလာရောက်ကြည်ရှုနိုင်တယ်လို့ဆိုပါတယ်။

ပြပွဲအတွင်းမှာ ဖိုဝါဒီလွှမ်းမိုးသော စကားဝိုင်းများရဲ့ ဓာတ်ပုံတွေ၊ ပိုစတာတွေကို ခင်းကျင်းပြသထားပြီး၊ အဲ့ဒီ ဖိုဝါဒီစကားဝိုင်းတွေရဲ့ အကြောင်းအရာတွေ၊ ရှင်းပြချက်တွေကိုလည်း ဒီပွဲမှာ အသေးစိတ်ရှင်းလင်းပြသထားပါတယ်။ 

‘Manel Watch ပြပွဲလုပ်မယ်ဆိုတော့ တော်တော်များများက အမျိုးသမီးတွေစုပြီးအမျိုးသားတွေကိုဖဲ့တော့မဲ့ပွဲလို့မြင်ကြပါတယ်။ တကယ်တော့ ဒီပွဲကိုစီစဉ်ရတာဟာ ကျမတို့အမျိုးသမီးတွေကအမျိုးသားတွေကိုခြိမ်းခြောက်ဖို့မဟုတ်ပဲ ဖိုဝါဒ ကြီးစိုးမှုကိုတိုက်ဖျက်ဖို့ ၊ ကျား-မ တန်းတူညီမျှရေးကိုဝိုင်းဝန်းအဖြေရှာဖို့ အတူလက်တွဲကြရအောင်လို့ လက်တွဲခေါ်ခြင်းသာဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူတွေကထုတ်ပြန်ထားပါတယ်။

ပွဲအတွင်းမှာ  ချင်းမိုင်ရောက်မြန်မာနိုင်ငံသားတွေက  ရိုးရာ အစားအသောက်တွေနဲ့ အဝတ်အထည်၊ အမှတ်တရပစ္စည်းတွေလည်းရောင်းချခဲ့ပါတယ်။