ချင်းမိုင် ဆုန်ကရမ်ပွဲတော် April 15, 2023 ဆောင်းပါး ဧပြီ၊ ၁၅ ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော်အဖြစ် ထင်ရှားတဲ့ ဆုန်ခရမ်ပွဲတော်ကာလအတွင်း ချင်းမိုင်မြို့က ဗုဒ္ဓဘာသာဝင်တွေရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေကြတဲ့ ပုံရိပ်တွေကို DNA က ဖေါ်ပြပေးလိုက်ပါတယ်။ ချင်းမိုင်မြို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ တည်ရှိပြီး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။ ရိုးရာဓလေ့ နဲ့ ယဉ်ကျေးမှုထွန်းကားတဲ့ မြို့အဖြစ် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တာပါ။ ချင်းမိုင်မြို့ဟာ ၁၈ ရာစုက မြို့ဟောင်းရဲ့ အစိပ်အပိုင်းတွေထိန်းသိမ်းထားပြီး ခရီးသွားလုပ်ငန်းကနေ အဓိက ဝင်ငွေရရှိနေသလို သစ်သား နဲ့ ငွေထည် ပန်းပုပညာတွေ ၊ မြေအိုး လုပ်ငန်း ၊ ရိုးရာထီးလုပ်ငန်း ၊ ယွန်းထည်လုပ်ငန်းတွေ ထွန်းကားတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လက်မှုပညာဗဟိုချက်အဖြစ် သတ်မှတ်ထားကြပါတယ်။ ချင်းမြိုင်မြို့ရဲ့ သင်္ကြန်ပွဲတော် ဆုန်ခရမ်ကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လေ့ရှိပါတယ်။ ချင်းမိုင်ထိုင်းသင်္ကြန်
နိုင်ငံရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကို ကျော်လွန်စွက်ဖက်ခဲ့တယ်လို့ NUG ဝေဖန် July 14, 2023 နိုင်ငံရေး ဇူလိုင်၊ ၁၄ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ဖော်ပြောဆိုမှုဟာ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့ရဲ့ အခန်းကဏ္ဍကို ကျော်လွန်စွက်ဖက်ရာ ရောက်နေတယ်လို့ NUG က ဒီကနေ့ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ထိုင်းမှာကျင်းပနေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီကို ဖိတ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေ ရှုတ်ချ June 18, 2023 နိုင်ငံရေး ဇွန်၊ ၁၈ ထိုင်းနိုင်ငံမှာ ဇွန်လ ၁၈ ရက် ဒီကနေ့ စတင်ပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားမှုအပေါ် ပြင်းထန်စွာ ရှုတ်ချပြီး ထိုင်းအစိုးရအနေနဲ့ အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးဖို့ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ၃၁၆ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံတကာရေးရာ သက်ဆင် ထိုင်းနိုင်ငံ ပြန်ရောက်ပြီး နာရီပိုင်း အကြာမှာ နှစ်ရှည်ထောင်ဒဏ် စတင်ကျခံ August 22, 2023 နိုင်ငံတကာရေးရာ သြဂုတ်၊ ၂၂ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ထိုင်းနိုင်ငံ ပြန်လာတဲ့ နေ့မှာပဲ နှစ်ရှည် ထောင်ဒဏ် စတင် ကျခံနေရပြီ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပြီး [ဆက်လက်ဖတ်ရှုရန်]