တိုက်ပွဲတွေကြောင့် တပတ်အတွင်းရွှေကျင်ဒေသခံ ခုနစ်ထောင်ကျော် စစ်ရှောင်နေရ

ဖေဖော်ဝါရီ၊ ၂၈

ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် တပတ်အတွင်း ဒေသခံ ခုနစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေ တယ်လို့ စစ်ဘေးရှောင် အရေးကူညီနေသူတွေကပြောပါတယ်။

ရွှေကျင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူး ပေါင်းတပ်တွေရဲ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွှေကျင်မြို့နယ် အတွင်း ကျေးရွာငါးရွာက ဒေသခံခုနစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။

ရွှေကျင်မြို့အနီးကညောင်ပင်ကြီး၊ကြံသိုကုန်း၊ပုဇွန်မြောင်း၊ညောင်ပင်ကြီးရွာသစ်နဲ့သက်တူးကုန်းစတဲ့ကျေးရွာငါးရွာကစစ်ဘေးရှောင်တွေဟာ ရွှေကျင်မြစ်ကမ်းနံဘေးကနီးစပ်ရာတောတောင်အတွင်းမှာနေထိုင်ကြရတဲ့အပြင် နေထိုင်စရာအမိုးအကာ၊အဝတ်အစားတွေ၊စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ဒေသခံ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတဦးကပြောပါတယ်။

“အခုတိမ်းရှောင်ရတဲ့သူတွေက တိုက်ပွဲထက်လက်နက်ကြီးနဲ့လှမ်းပစ်တာကြောင့်ညတွင်းချင်းရှောင်ကြရတယ်၊ အ ရပ်ဖက်အဖွဲ့တွေကကူညီထောက်ပံ့တာရှိတယ်၊လူဦးရေက အရမ်းများတာနဲ့အထောက်အပံ့ရတာ နည်းတာဆို တော့မလုံလောက်ဘူးဖြစ်နေတယ်”လို့သူကပြောပါတယ်။

စစ်ဘေးတိမ်းရှောင်သူတွေအထဲမှာ သက်ကြီးရွယ်အို၊အမျိုးသမီး နဲ့ကလေးငယ် အရေအတွက် ၃၀၀၀ ဝန်း ကျင်အ ထိပါဝင်နေပြီးဆေးဝါးထောက်ပံ့ပေးဖို့အတွက်သက်ဆိုင်ရာKNU ​ဗဟိုနဲ့အရပ်ဖက်အဖွဲ့အစည်းတွေကို အကူအညီ တောင်းခံနေတယ်လို့လည်းစစ်ရှောင်အရေးကူညီနေသူတွေကဆိုပါတယ်။

“ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် လိုအပ်မဲ့ဆေးဝါးတွေအတွက်(KNU)ဗဟိုက ကျန်းမာရေးကော် မတီကို အကူအညီတောင်းထားပါတယ်၊ လောလောဆယ်ကတော့ ကျန်းမာရေးကုသပေးဖို့ အတွက်ဆေးဝါးရှိ တာ နဲ့ပဲအဆင်ပြေသလိုကုသပေးနေရတယ်” လို့သူကဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ကေအန်ယူ တပ်မဟာ(၃) KNLA၊ PDF အဖွဲ့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အသက် ၃၂နှစ်ကနေ ၆၆နှစ်အရွယ်ရှိသူတွေပါဝင်တဲ့ အမျိုးသမီးခုနစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့သလို ငါးနှစ်နဲ့ ၁၂နှစ်အရွယ်ကလေးနှစ်ဦး အပါအဝင် စုစု ပေါင်းဆယ်ဦး ဒဏ်ရာတွေရထားတယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KNU တပ်မဟာ(၃)ထိန်းချုပ်နယ်မြေထဲက မူးမြို့နယ်မှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဒေသခံတဦးဒဏ်ရာရပြီး နေအိမ်လေးလုံးပျက်စီးကာ လူဦးရေ ခြောက်ရာကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဒီကနေ့ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက မူးမြို့နယ်အတွင်းက ညောင်ပင်သာရွာထဲဝင်လာပြီး လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပ စ်ခတ်တာလို့ KNU ထုတ်ပြန်ချက်ကဆိုပါတယ်။အဲ့ဒီလိုပစ်ခတ်တာကြောင့် အသက် ၄၆နှစ်အရွယ် ညောင်ပင် သာရွာခံ ဒေါ်တင်တင်ညွန့်ဆိုသူဖြစ်ပြီး လက်နက်ကြီးစတွေပခုံးကိုထိမှန်တာကြောင့် တောင်ငူဆေးရုံမှာ ကုသမှုခံနေရတယ်လို့သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာထဲကနေ ဒေသခံတွေထွက်ပြေးတိမ်းရှောင်ကြချိန်မှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက နေအိမ်တွေထဲ တအိမ်ဝင်တအိမ်ထွက်ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ယူသွား ကြတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာတော့KNU တပ်မဟာ(၃)ထိန်းချုပ်နယ်မြေဖြစ်တဲ့ရွှေကျင်မြို့နယ်မှာစစ်ကောင်စီကအင်အား ၂၀၀ နီးပါး နဲ့တပ်စွဲထားကာ စစ်ရေးပြင်ဆင်နေတယ်လို့KNU တပ်မဟာ(၃)သတင်းအရင်းအမြစ်တွေကပြောပါတယ်။