စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးတဲ့ လူငယ်တွေသေဆုံးရမှုကို ထည့်သွင်းဆန္ဒပြခဲ့တဲ့ လောင်းလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို စစ်တပ်ကပစ်ခတ်ခဲ့လို့ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် လူငယ် ၂ ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို လောင်းလုံးမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ထည့်သွင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သေနတ်အားကိုးနဲ့ လူထုကို နေ့စဉ် ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်အုပ်စုဟာလူထုကိုဘယ်လိုပဲ ဖိနှိပ်နေပါစေ လူထုအားနဲ့ဆက်ပြီး တိုက်ပွဲဝင်နေမယ်လို့ လည်း ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ လောင်းလုံးမြို့ပေါ်မှာပြုလုပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာထုတ်ပြန်ပြောဆိုသွားပါတယ်။