ပေါင်းတည်မြို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတဦးသေ၊နှစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း(အနောက်ခြမ်း) ပေါင်းတည်မြို့ စိန်ပန်း ပင်ကျေးရွာ အနီးမှာ အောက်တိုဘာ (၁၉)ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲတွေ မောင်းနှင်လ ာတဲ့ဆိုင်ကယ် သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ရာမှာ တဦးသေပြီးနှစ်ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ထုတ်ပြန်ပါတယ်။

“သူတို့က ဆိုင်ကယ်တွေနဲ့ စခ ရခ အုပ်ချုပ်ရေးမှူး လည်းပါတယ်၊ လောင်းကစားသမားတွေဆီက ဆပ် ကြေးပတ်ကောက်နေတာ၊ ရွာထဲမှာလည်း PDF တွေနဲ့ဆက်သွယ်မှုရှိလားစုံစမ်းတယ်၊ သူတို့မသင်္ကါတဲ့သူဆို ဖမ်းစီးငွေညှစ်မှုတွေရှိတယ်လို့” ​​ဒေသခံ တဦးက DNA ကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)တပ်ရင်း (၃၆၀၁)တပ်ဖွဲ့(၅) နွေဦးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ PPDFက ဆိုပါတယ်။