ကော့ကရိတ် (၇) တိုင်လမ်းအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွား

ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁နာရီလောက်က ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် (၇)တိုင်လမ်း ၊ အေးမြမြ ၂ ထမင်းဆိုင် အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

“ကုန်ကား၂စီးက နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ကြားထဲ ရောက်သွားပြီး ကျည်မှန်ပျက်စီးတာတွေတော့ရှိတယ်။ မီးလောင်တာတော့ မတွေ့ရဘူး” လို့ ဆိုပါတယ်။

KNDO အပါအဝင် KNLA ပူးပေါင်းတပ်ဖွဲ့ ၊ ကျားဖြူတပ်ဖွဲ ၃ ၊ ဂဠုန်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့တွေအကြား တိုက်ပွဲဖြစ်တာလို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

ပူးပေါင်းအဖွဲ့တွေဘက်က အေးမြမြ (၂)ထမင်းဆိုင် အနီးမှာရှိတဲ့ တံတားကို ဖောက်ခွဲချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ ထပ်တိုက်တွေ့တာ ဖြစ်ပြီး ဖောက်ခွဲမှုကြောင့် တံတားအနည်းငယ် အက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Delta News

Read Previous

ပေါင်းတည်မြို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတဦးသေ၊နှစ်ဦးဒဏ်ရာရ

Read Next

မြဝတီမြို့က BGF တပ်ကြပ်ကြီးပိုင်တဲ့ အပေါင်ဆိုင်မှာ ဗုံးပေါက်ကွဲ