ဂန့်ဂေါမှာ စစ်တပ်နဲ့ ပျူစောထီးတွေက PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ

ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းထဲမှာ PDF ဝတ်စုံတွေနဲ့ အ ယောင် ဆောင်ထားသူတွေလည်းပါဝင်နေတယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၁၁) တပ်ရင်းမှူး ကိုသားကို က DNA ကိုပြောပါ တယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတစ်ချို့ PDF ဝတ်စုံတွေဝတ်ထားတာကို စစ်ကြောင်းက ဖမ်းဆီးတာ ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံတချို့ကပြန်ပြောလို့သိရတာဖြစ်တယ်လို့ ဆိုပါတယ်။
“မဲရွာကလွတ်လာတဲ့ အမျိုးသမီးတစ်ယောက်က PDF ဝတ်စုံဝတ်ထားတဲ့ သူ အယောက် နှစ်ဆယ်လောက် ရှိတယ်လို့ ပြောတယ်” လို့ ကိုသားကိုကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းအဲ့ဒီလို PDF ဝတ်စုံတွေဝတ်ထားတာကြောင့် PDF တွေထင်မှတ်ပြီး ခရီးဦးကြိုပြုခဲ့ တဲ့ပြည်သူတွေ ဓားစာခံအဖြစ်ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ ဒေသခံတွေက​ပြောပါတယ်။
ဂန့်ဂေါနယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ဂန့်ဂေါနယ်မြောက်ပိုင်း ဟံသာ ဝတီကျေးရွာနဲ့ ဂန့်ဂေါမြို့ရေပုတ်ရပ်ကွက်က ပျူစောထီးတွေပါဝင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ပြည်သူထောင်ဂဏန်းလောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီစစ်ကြောင်းက ဓားစာခံအဖြစ်ဖမ်းဆီးခံထားရ တဲ့ပြည်သူ တွေ လည်း ရှိနေဆဲဖြစ်ပါတယ်။