မုံရွာ၊တောပုရွာက ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောပုကျေးရွာက ပျူစောထီးစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက နှစ်ရက် ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ People’s Defence Force – South Monywa တာဝန်ခံတစ်ဦးက DNA ကိုပြောပါတယ်။
“အဲ့ဒီနေရာက ပျူရွာပါ၊ ခွေးတွေကတော့မကြာခဏလာတယ်၊ ကျွန်တော်တို့သွားပစ်တော့ လက်နက်ကြီး လာရာ ကိုမှန်းပြီးတော့ သူတို့ပြန်ပစ်တယ်၊ ထွက်တော့မလာကြဘူးဗျ” လို့ သူက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ရွာထဲကစခန်းမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနိုင်ပြီး အရေ အတွက် အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီစခန်းကိုစက်တင်ဘာ (၁၅) ရက်နဲ့(၁၆)ရက်နှစ်ရက် ဆက်တိုက် အဝေးပစ်လက်နက်ကြီး သုံးဆယ်နီးပါးနဲ့ပတ်ခတ်တိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ Farmers Revolution Force – FRF ၊ People’s Defence Force Peregring ၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ နေမင်းတမန် ၊ Monywa Force ၊ Anyar Defence Force တို့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တောပုရွာအနီးက ဆယ်ပေါက်တွဲမှာလည်း စက်တင်ဘာ ၁၆ရက် နေ့လယ်ပိုင်းမှာပျူစောထီးတွေ က မူးရူးနေပြီး PDF အသွင်နဲ့ လမ်းသွားလမ်း လာတွေကိုစစ်ဆေးပြီး ဆိုင်ကယ်၊ဖုန်းနဲ့ငွေတွေသိမ်းယူနေလို့ လက်နက် ကြီးလက်နက်ငယ်တွေနဲ့ အနီးကပ်သွားရောက်ခဲ့တယ်လို့ People’s Defence Force – South Monywaက ထုတ် ပြန်ပါတယ်။
အဲ့ဒီအနီးကပ်တိုက်ခိုက်မှုမှာတော့ ပျူစောထီး(၇)ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ် ။နှစ်ရက်ဆက်တိုက်ခိုက်မှု တွေ အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။