ပေါင်းတည်မြို့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းးတည်မြို့က စစ်ကောင်စီသတင်းပေးလို့ သတ်မှတ်ခံထားရတဲ့ ကျေးရွာအုပ်ချုပ် ရေး မှူးတဦးကို နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ Pounde People Defense Force(PPDF) ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
ပေါင်းတည်မြို့ ရွာသစ်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းကို သူ့ရဲ့နေအိမ်မှာပဲ ဒီနေ့မနက်ပိုင်းက ပစ်ခတ်ရှင်း လင်းခဲ့ တာဖြစ်တယ်လို့ သူကပြောပါတယ်။
အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒေသခံရွာသူ ၊ရွာသားတွေအပေါ် အာဏာပြငွေကြေးတောင်းယူမှုတွေ လုပ်တဲ့အပြင် စစ်ကောင်စီဆီက လက်နက်တောင်းခံထားသူလည်း ဖြစ်တယ်လို့ဆိုပါတယ်။
“ဦးဉာဏ်ဝင်း ကသာရေးနာရေးလုပ်တာနဲ့ သုံးသောင်းတောင်းတယ်၊အခုလိုကြပ်တည်းနေတဲ့ကာလကြီးမှာ အဆင်မပြေကြဘူးလေ၊သေစာရင်းလုပ်တာကို သုံးသောင်းဆိုတော့များလွန်းအားကြီးတယ်”ပေါင်းတည် PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ပစ်သတ်ခံရတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းက ရွာခံတွေကို ခရီးသွားထောက်ခံလုပ်ရင် တစောင် ကျပ်(၅၀၀၀)၊မှတ်ပုံတင်အတွက်ထောက်ခံစာ လုပ်ရင် ကျပ်(၁၅၀၀၀)အထိ တောင်းယူတာ မျိုးတွေ လည်းရှိတယ်လို့ဆိုပါတယ်။အဲ့ဒီအချက်တွေကိုDNA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်ပါဘူး။
အဲ့ဒီလို ရွာခံတွေပေါ် အာဏာပြငွေကြေးတောင်ယူတဲ့အပြင် စစ်ကောင်စီဆီက လက်နက်တောင်းထားသူ လည်း ဖြစ်လို့ လက်နက်မရခင် လက်ဦးမှုယူပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပေါင်းတည် PDF ကဆိုပါတယ်။ အဲ့ဒီပစ်ခတ်ရှင်း လင်းမှုဟာ နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့လည်း ဆိုပါ တယ်။