စစ်ကောင်စီက ဂန့်ဂေါမြို့နယ် လာပို့ရွာကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ဒီနေ့မနက်မှာ လာပို့ရွာကို မီးရိူ့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
” မနက်ပိုင်းကရှို့တာ။ တချို့က ရွာကထွက်သွားကြပြီလို့ပြောတယ်။ ကျန်နေတဲ့ကောင်တွေက ဆက်ရှို့နေကြတုန်း။ ဘယ်လောက်ထိလောင်မလဲ မသိသေးဘူး” လို့ ဆိုပါတယ် ။
လာပို့ရွာကို မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ (၁၀) ရက်နေ့ကလည်း မြင်းဇာရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မြင်းဇာရွာကနေအိမ် (၁၈) လုံး၊ နွားစာတိုက် (၄ ) လုံးနဲ့ ပစ္စည်းအများအပြားဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ နယ်မြေစိုးမိုးဖို့နဲ့ ပျူစောထီးသင်တန်းဖွင့်ဖို့ ကြိုးစားနေတာတွေ မအောင်မြင်တဲ့အတွက် ရွာတွေကို အငြိုးနဲ့ မီးရိူ့ဖျက်ဆီးတာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ချိူ့က ယူဆနေကြပါတယ်။
စစ်တပ်ဟာ ရွာတွေကိုမီးရှို့ဖျက်ဆီးတာ၊ စစ်ကြောင်းနဲ့တွေ့တဲ့ ပြည်သူတွေကို ဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးချတတ်တာတွေကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ဒေသခံတွေ ထောင်ချီပြီး စစ်ဘေးရှောင်နေကြရစဲ ဖြစ်ပါတယ်။