ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့ Kumgang အပန်းဖြေစခန်းကို ပြုံယမ်းအစိုးရ ဖြိုချ

Photo – CNN

ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသင်္ကေတအဖြစ် တချိန်က အသိအမှတ်ပြုခံထားရတဲ့ အပန်းဖြေ စခန်းတစ်ခုရှိ ရေပေါ်ဟိုတယ်တစ်လုံးကို မြောက်ကိုရီးယားအစိုးရက ဖြိုချဖျက်ဆီးနေတယ်လို့ သိရပါတယ်။

Kumgang တောင်ခြေရင်းမှာရှိတဲ့ Onjonggak အပန်းဖြေစခန်းဟာ အရင်က တောင်နဲ့မြောက် ကွဲကွာ နေရတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Kumgang တောင်ပေါ်က နေရာအတော်များများမှာ ဖြိုချနေတဲ့ လှုပ်ရှားမှုတွေ တွေ့နေရတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက CNN သတင်းဌာနကို ပြောထားတယ်လို့ ဆိုပါတယ်။

အဲဒီအဆောက်အအုံတွေကို ဖြိုချဖျက်ဆီးနေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လအတော်ကြာမှာပဲ ခုလို့ သတင်းထွက်ပေါ်လာ ဖြစ်ပါတယ်။ တောင်ကိုရီးယားပိုင် Hyundai Asan ရုံးခန်းလည်း မကြာခင် ဖျက်ဆီးခံရနိုင်တယ်လို့ ကိုးကားဖော်ပြထားပါတယ်။

“Kumgang တောင် ခရီးစဉ်တွေဟာ ကိုရီးယား နှစ်နိုင်ငံကြား ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ပေးပါတယ်၊ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ဖလှယ်နိုင်ဖို့အတွက် အဓိက ဆောင်ရွက်ခဲ့တာပါ” လို့ Hyundai Asan ပြောရေးဆိုခွင့်ရှိသူ Park Sung-uk က ပြောဆိုထားပါတယ်။

ကိုရီးယားစစ်မဲ့ဇုန် (DMZ) ရဲ့ မြောက်ဘက်ကနေ သွားရင်  မိနစ် ၃၀ ခန့်အကွာမှာရှိတဲ့ Kumgang အပန်းဖြေစခန်းကို ကိုရီးယားနှစ်နိုင်ငံလုံးက ပူးပေါင်းစီမံခန့်ခွဲနေရတာပါ။

Kumgang ခရီးသွား နယ်နိမိတ်ကိုဖြတ်ကျော်ပြီး စစ်ရေးဇုန်ထဲကိုလှည့်ပတ်သွားလာခဲ့တဲ့ တောင်ကိုးရီးယား အမျိုးသမီးတစ်ဦးကို မြောက်ကိုရီးယား စစ်သားတစ်ဦးက ပစ်သတ်ခဲ့ပြီးနောက်ပိုင်း  ၂၀၀၈ ခုနှစ်မှာ ခရီးသွားတွေ လက်ခံထားတဲ့ ရပ်ဆိုင်းထားခဲ့ရပါတယ်။

မြောက်ကိုရီးယားဟာ အိမ်နီးချင်း တောင်ကိုရီးယားဆီကနေ အကူအညီတစ်စုံတစ်ရာမပါဘဲ အပန်းဖြေစခန်းနေရာကို စီမံခန့်ခွဲထိန်းချုပ်ဖို့ အချက်ပြတဲ့အနေနဲ့ Kumgang တောင်ရှိ အဆောက်အဦအားလုံးကို အသစ် အစားထိုးဖို့ စီစဉ်နေတာဖြစ်တယ်လို့လည်း  သတင်းတွေထွက်ပေါ်နေပါတယ်။