ဂျာမနီနိုင်ငံဟာ မိတ်ဖက်အဖွဲ့တွေနဲ့အတူ မြန်မာနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တစ်လျှောက် ဒေသတွင်း အဏ္ဏဝါထိန်းသိမ်းရေးဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးပေးနေကြောင်းသိရပါတယ်။
ဇွန်လ ၈ ရက်နေ့၊ ကမ္ဘာ့သမုဒ္ဒရာများနေ့မှာ မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးက အဲဒီလို ထုတ်ပြန်ခဲ့တာပါ။
ကီလိုမီတာ ၂၀၀၀ နီးပါးရှည်လျားတဲ့ မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ တစ်ကမ္ဘာလုံးအတွက် အရေးပါတဲ့ ဇီဝမျိုးကွဲတွေ ကျက်စားနေထိုင်ကြကြောင်း
အဏ္ဏဝါထိန်းသိမ်းရေးစီမံကိန်းဟာမြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ အရေးကြီးပြီး ဒေသခံလူထုရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးနေတဲ့ဂေဟစနစ်တွေကို ထိန်းသိမ်းဖို့ ရည်ရွယ်ကြောင်း ဂျာမနီသံရုံးကဆိုပါတယ်။
အဲဒီပင်လယ်ကမ်းစပ်ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ၆၀၀၀၀၀ ခန့်ဟာ ပိုမိုကောင်းမွန်လာတဲ့ ပင်လယ်အရင်းအမြစ်တွေကတစ်ဆင့် အကျိုးခံစားနိုင်မယ်လို့လည်းထုတ်ပြန်ပါတယ်။