ဘားအံထောင်ထဲ နိုင်ကျဉ်းတွေကို ညှင်းပန်းမှု အဆိုးရွားဆုံးအခြေအနေရောက်

ကရင်ပြည်နယ်၊ ဘားအံထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ညှင်းပန်းနှိပ်စက်မှုဟာ အဆိုးရွာဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။
ထောင်ပိုင်အသစ် လှဆွေဆိုသူနဲ့ နောက်လိုက်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို လေးဘက်လေးတံ အကွယ်မရှိတဲ့ အဆောက်အအုံထဲထည့်ကာ ကျောက်စရစ်ခဲလုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ နဖူးကွဲ ၊လက်ပေါက်ဒဏ်ရာတွေရရှိခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေကို တရွတ်တိုက်ဆွဲခေါ်သွားပြီး မိုးရေထဲ ပုံစံထိုင်ခိုင်းကာ အစာရေစာ ဖြတ်တောက်မှုတွေလည်းရှိကြောင်း ဘားအံထောင်နဲ့နီးစပ်တဲ့ အရင်းအမြစ်တွေဆီက သိရှိရတယ်လို့ ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဒီကနေ့ထုတ်ပြန်ပါတယ်။
အရင်ရက်တွေကလည်း ရော်ဘာကျည်နဲ့ ပစ်ခတ်ခြိမ်းခြောက်မှုတွေ မကြာခဏ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ဒဏ်ရာအနာတရရရှိခဲ့သူတွေကို ဆေးကုသခွင့်လုံးဝမပေးဘဲ၊ အစာဖြတ်၊ ရေချိုးခွင့်မပေး၊ ကျဉ်ကြီးကျဉ်ငယ် စနစ်တကျစွန့်ခွင့်မပေးသလို ထောင်ဝင်စာကိုလည်း ပိတ်ထားကြောင်းထုတ်ပြန်ပါတယ်။
ဘားအံထောင်ထဲမှာ ဘားအံတက္ကသိုလ်ကျောင်းသားတွေလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျနေပါတယ်။
ဘားအံထောင်ဟာ ဘားအံမြို့၊ တောင်ကလေးမှာ တည်ရှိပါတယ်။