နယ်ခြားစောင့်ခေါင်းဆောင်စောချစ်သူ ဖလူးဒေသခံတွေနဲ့ လာရောက်တွေ့ဆုံ

မြဝတီခရိုင်၊ ဖလူးကြီးရွာထဲက ခရစ်ယာန်ဘုရားကျောင်းထဲမှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ခေါင်းဆောင် စောချစ်သူက ဖလူးဒေသခံတွေနဲ့ ဒီကနေ့ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
မယ်ဝါးခီး၊ရသေ့ဂူ၊လေးကေ့ကော်၊မယ့်ထော်သလေး၊အင်းကြင်းမြိုင်၊မင်းလက်ပန်၊ဖလူးကြီး၊ဖလူးလေး၊သေ့ ဘောဘိုးနဲ့ကျောက်ခက် ရွာတို့က ရွာသား၂၀၀ကျော်နဲ့ ဒီနေ့မနက်၁၀နာရီမှာ လာရောက်တွေ့ဆုံကာ ဒေသခံတွေနဲ့ ပညာရေး၊ကျန်း မာရေးနဲ့စားဝတ်နေရေးကိစ္စတွေကို လာရောက်ဆွေးနွေးခြင်းဖြစ်တယ်လို့ ဖလူးလေးဒေသခံတစ်ဦးကပြောပါ တယ်။
‘ရပ်ရွာလူထုက တင်ပြတာကို ဆွေးနွေးပေးတယ်’လို့ သူကပြောပါတယ်။
အခုလိုလာရောက်ဆွေးနွေးမှုဟာ DKBA ကလမ်းကြောင်းဖွင့်ပေးလို့သာ လာရောက်နိုင်ခြင်းဖြစ်ပြီး ဒေသခံ တွေနဲ့ တွေ့ဆုံခြင်းဟာ အကြောင်းပြချက်တစ်ခုဖြစ်နိုင်ကြောင်း ဖလူးကြီးဒေသခံတစ်ဦးက မှတ်ချက်ပေးပါတယ်။
‘အင်အားတော့များတယ်တဲ့ ၊ တစ်ခုခု တော့ ဖြစ်ခါနီးပြီထင်တယ်။ သေ့ဘောဘိုးကို ပြန်သိမ်းချင်နေတာလေ။ DKBA က လမ်းကြောင်းဖွင့်ပေးလို့သာ သူတို့ဝင်ရဲတာ’လို့ သူကဆိုပါတယ်။
မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်း နံဘေး၊ သေ့ဘောဘိုးရွာအနီးရှိ အကြမ်းဖက်စစ်တပ်က နှစ်၃၀ကျော် သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုး စခန်းကို ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့က မေလ၁၈ရက်နေ့ နေ့ခင်းပိုင်းမှာ အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – ဗိုလ်ချစ်သူ (ဝဲ) နဲ့ ဗိုလ်မုတ်သုန် (ယာ) ကိုတွေ့ရစဉ်