KNU တပ်မဟာ ၅ နယ်မြေထဲ လားထွက်ကျောင်းတဲ့စစ်သား ၂ ဦးကို ရှင်းလင်းခဲ့

KNU တပ်မဟာ ၅၊ ရှေ့တန်းတစ်နေရာမှာ လားထွက်ကျောင်းတဲ့ အကြမ်းဖက်စစ်သား ၂ ဦးကို ရှင်းလင်းခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကထုတ်ပြန်ပါတယ်။
ဇွန်လ ၄ ရက်နေ့မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ BPLA တပ်ဖွဲ့ဝင်တို့ ရန်သူ့စစ်ကြောင်းကို ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် လားထွက်ကျောင်းတဲ့ စစ်သားတချို့နဲ့ ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ ရန်သူ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရနဲ့ လား ၂ ကောင်သေဆုံးခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း BPLA က ထုတ်ပြန်ထားပါတယ်။
ပုံစာ-ရှေ့တန်းတစ်နေရာရောက် BPLA တပ်ဖွဲ့ဝင်တွေ