ကနေဒါနိုင်ငံမှာ တရုတ်ရဲ့ Huawei နဲ့ZTE ကို 5G ကွန်ရက်ကနေ ဖယ်ထုတ်မယ်

Photo – CNN

နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့အတွက် တရုတ်နိုင်ငံရဲ့ Huawei Technologies နဲ့ZTE 5G gear အသုံးပြုတာတွေကို တားမြစ်ဖို့ စီစဉ်ထားတယ်လို့ ကနေဒါအစိုးရက မေလ ၁၉ရက်မှာ ပြောလိုက်ပါတယ်။ 

“ကျွန်တော်တို့ရဲ့ 5G ကွန်ရက်တွေကနေ Huawei နဲ့ ZTE ကို ဖယ်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်” လို့ စက်မှုဝန်ကြီး Francois-Philippe Champagne က သတင်းထောက်တွေကို ပြောခဲ့တာပါ။

ကုမ္ပဏီတွေဟာ သူတို့ရဲ့ 5G gear ကို ၂၀၂၄ ခုနှစ် ဇွန်လမှာ ဖယ်ရှားဖို့လိုအပ်မှာဖြစ်ပြီး 4G အသုံးပြုနေတာကိုလည်း  ၂၀၂၇ နှစ်ကုန်မှာ ဖယ်ရှားရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

တရုတ်နဲ့ ကနေဒါအကြား သံတမန်ဆက်ဆံရေးတင်းမာနေချိန်မှာပဲ အခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။

Huawei စက်ပစ္စည်းတွေကို အသုံးပြုရာမှာ အမျိုးသားလုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်တာတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ ကနေဒါက ၂၀၁၈ စက်တင်ဘာမှာ ပထမဆုံး ကြေညာခဲ့ပါတယ်။

“အမျိုးသားလုံခြုံရေးကို ဘယ်လိုခြိမ်းခြောက်တာလဲဆိုတဲ့ အဖြေကို Huawei က စောင့်နေပါတယ်” လို့ ကနေဒါရှိ Huawei ကော်ပိုရိတ်ရေးရာ ဒုတိယဥက္ကဋ္ဌ Alykhan Velshi ကဆိုပါတယ်။

“Huawei ဟာ ကနေဒါမှာဝန်ထမ်းပေါင်း ၁,၅၀၀ ရှိနေသေးပြီး အများစုက သုတေသနနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာလုပ်ကိုင်နေတာပါ၊ ကျန်တဲ့သူတွေကတော့ မိုဘိုင်းလ်ဖုန်းလိုထုတ်ကုန်တွေရောင်းချတဲ့နေရာမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်” လို့Velshi က ဆက်ပြောခဲ့ပါတယ်။