ကလိန်အောင် အမှတ် (၂) တံတားအနီးမှာ စစ်အုပ်စုကားတစ်စီး မိုင်းထိ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ကလိန်အောင် အမှတ် (၂) တံတားအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မေလ ၇ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်ခန့်မှာ ကလိန်အောင် ကံပေါက်အခြေစိုက် မောရဝတီရေတပ်စခန်းကနေထွက်လာတဲ့ စစ်အုပ်စုရဲ့ ကားတစ်စီး ကလိန်အောင်အမှတ် (၂) တံတားအနီး မရောက်ခင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။
မိုင်းထိမှန်မှုကြောင့် ကားမှန်တွေ ပျက်စီးသွားပြီး လူသေဆုံးမှုရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အကြမ်းဖက်စစ်အုပ်စုဟာ ကလိန်အောင်ဆံတော်ရှင်အနီးမှာ အင်အားအများအပြားနဲ့ တောနင်းရှာဖွေနေပြီး ဘယ်အဖွဲ့အစည်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတာကို သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။