KNLA တပ်မဟာ ၅ ဗျူဟာမှူးအသစ်အဖြစ် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Salween Press မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂၈ ရက်နေ့က KNU တပ်မဟာ (၅) နယ်မြေမှာရှိတဲ့ စစ်အုပ်စုရဲ့ ကျောက်ညှပ်စခန်းကို တက်ရောက်သိမ်းပိုက်စဉ်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့ရပြီးနောက် လစ်လပ်နေတဲ့ ဗျူဟာမှူးတာဝန်အတွက် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်လိုက်တာပါ။
ဗိုလ်မှူးကြီးစောမော်ဒဲ (ခ) စောဂေနွီးဟာ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ လူသောမြို့နယ် လဲခီးကျေးရွာဇာတိဖြစ်ပြီး KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲရဲ့ ယုံကြည်အားထားရသူတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဗျူဟာမှူးအဖြစ် တာဝန်မပေးအပ်ခံရစဉ်က ဗိုလ်မှူးကြီးစောမော်ဒဲဟာ ကာကွယ်ရေးတပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး ထောက်လှမ်းရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးပြီး စစ်သားပီသကာ တိုက်ခိုက်ရေးမှာလည်း ကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။
Credit- Salween Press

Delta News

Read Previous

ကလိန်အောင် အမှတ် (၂) တံတားအနီးမှာ စစ်အုပ်စုကားတစ်စီး မိုင်းထိ

Read Next

ချောင်းဦးရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ် ဒီနေ့ မီးရှို့