မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းလွန်ဆီကို  ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်

Photo – Reuters

ဒီကနေ့ မေလ ၄ရက်နေ့မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစင်းကို အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။

ဒါဟာ ဧပြီလ ၂၅ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲအခမ်းအနားအပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံးဒုံးကျည်စမ်းသပ်တာဖြစ်ပြီး  မြောက်ကိုရီးယားမြို့တော်ပြုံယမ်း ၊ ဆူနန်ဒေသကနေ ပစ်လွှတ်ခဲ့တာလို့ ဆိုပါတယ်။ 

နျူကလီးယားလက်နက်စမ်းသပ်တီထွင်ရေး အရှိန်မြင့်တင်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်းက အဲဒီစစ်ရေးပြအခမ်းအနားမှာ ပြောခဲ့ပြီး Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်တစင်းအပြင် ဘက်စုံသုံးရော့ကတ်လောင်ချာ အကြီးစားတွေ ၊ ရေငုတ်သဘေင်ာပစ် ဒုံးကျည်တစင်း စတဲ့လက်နက်တွေ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က စမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ ၁၃ ကြိမ်မြောက်ဖြစ်ပြီး ဒါဟာ မအောင်မြင်ဘူးလို့ ယူဆရတဲ့ မတ်လ ၁၆ ရက်က စမ်းသပ်မှုလည်း ပါဝင်ပါတယ်။

အခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေထဲမှာ မတ်လ ၂၄ရက်နေ့က တိုက်ချင်းပစ်ဒုံးကျည်ICBM တစင်းကို ပစ်လွှတ်ခဲ့ပြီး လေးနှစ်အတွင်း ပထမဆုံးစမ်းသပ်မှု ဖြစ်ပါတယ်။