မန္တလေးမြို့ အပြန်အလှန် ပစ်ခတ်မှုအတွင်း မြစ်ငယ် PDF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံ

မန္တလေးမြို့ ကန်သာယာရပ်ကွက်ထဲမှာရှိတဲ့ Green House Inn အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်မှာ ကျဆုံးခဲ့တဲ့ လူငယ် ၅ ဦးဟာ မြစ်ငယ် PDFတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ Rangers of Mandalay က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မေလ ၃ ရက်နေ့မှာ ဒဏ်ရာရရဲဘော်တစ်ဦး ယာယီအနားယူဖို့အတွက် Green House Inn မှာ ဝင်ရောက်တည်းခိုနေစဉ် သတင်းပေးဒလန်တစ်ဦးကြောင့် အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးစဉ်မှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာပါ။
ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကတော့ ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်ဩဘာ၊ ရဲဘော်ဖက်တီး၊ရဲဘော်မအိတို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို အညံ့မခံဘဲ ပြန်လည်ခုခံရင်း သူရဲကောင်းဆန်ဆန်ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ထပ်တူဝမ်းနည်းဂုဏ်ယူရတယ်လို့လည်း မြစ်ငယ် PDF ကဆိုပါတယ်။