မန္တလေးမှာ စစ်အုပ်စုသတင်းပေးဆိုသူတစ်ဦး အပစ်ခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းအနီးမှာ အကြမ်းဖက်စစ်အုပ်စု သတင်းပေးလို့ နာမည်ကြီးနေတဲ့ ဦးမိုးဆိုသူ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၆ရက်နေ့ မနက် ၁၀နာရီခွဲလောက်မှာ တောင်ခွင်မင်းကြီးကျောင်းတိုက်ရှေ့ ခေါက်ဆွဲဆိုင်မှာ ထိုင်နေတဲ့ စစ်အုပ်စုသတင်းပေး ဦးမိုးဆိုသူကို အမည်မသိ သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။
“သေမတော့မသိဘူး ထိတာတော့ ထိသွားတယ်၊ ဆေးရုံခေါ်သွားတယ် အနားမှာက ကျောက်ဝိုင်းလဲရှိနေတော့ ကျောက်ဝိုင်းထဲက လူတွေက ထပြေးကြရော”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ပုံဟောင်းကို အသုံးပြုထားပါတယ်။